ရန်ကုန်၊ မတ် ၁၄
မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံသတင်းများ ဖန်တီးရေးသားရာမှာ သူမတူအောင် ပြောင်မြောက်လှသည့် RFA သတင်းဌာနမှ ခွေးမစား ခင်မောင်စိုး အလုပ်ထွက်လိုက်ရပြီဖြစ်ကြောင်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ခွေးမစား ခင်မောင်စိုးရဲ့ ရေးသားဖော်ပြချက်မှာတော့ " ကျေးဇူးတရား ကျနော် မမေ့။ ခင်ဗျား ကျနော့် မိတ်ဆွေလား၊ ရန်သူလား။ အခုအချိန်ဟာ ကျနော့်ဘဝရဲ့ အလှည့်အပြောင်းကာလဖြစ်တယ်။ ကျန်းမာရေးကဆိုး။ နမိုးနီးယားနဲ့ တိုက်ပွဲဝင်နေ။ ဟာ- ဒါပေမယ့် ကျနော် ရုတ်ချည်းမသေနိုင်သေးပါဘူး။ အဲဒါတော့ သေချာတယ်။ အဓိက အချက်က မြန်မာပြည် ဒီမိုရရှိရေး။ ကျနော် ဘာဖြစ်ဖြစ် သာမည။ တခြား ပြသနာတွေရှိတယ်။ (လက်ရှိမှာ ကျနော့် ပုဂ္ဂလ်ရေးက သာမညပါအသေးစိပ်ရှင်းဖို့ မသင့်)။ ကျနော်တခုပဲသိချင်တယ်။ ကျနော့်ကို ယုံလား၊ နားလည်လား။ ဒါပါဘဲ။ ကျနော်ကို နားလည်ပြီး အမှန်တရားအတွက် ရပ်တည်သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောတာပါ။ ရန်သူဖက်ကရပ်လည်း အဲဒါဟာ ခင်ဗျားရဲ့ လွတ်လပ်ခွင့်ဖြစ်ပါတယ်။ ကျနော်က တခုပဲလိုချင်တယ်။ အမှန်တရားပါ။ ကြားလူဆိုတာ အချောင်သမားရဲ့ တခြားနံမည်တခုသာဖြစ်တယ်။ အမှန်တရား မုချ ပေါ်ထွက်ရမယ်။ ခမစ။" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
ခွေးမစား ခင်မောင်စိုးဟာ NLD ပါတီဦးဆောင်သူများက CRPH, NUG အကြမ်းဖက်အဖွဲ့များအဖြစ် ပြောင်းလဲရပ်တည်လာချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုအတွင်း လူငယ်များပါဝင်လာအောင် အဓိကဦးဆောင်လှုံ့ဆော်ရေးသားပေးခဲ့သူ ဖြစ်ပါတယ်။
ခွေးမစား ရဲ့ ရေးသားဖော်ပြချက်မှာ "တကယ်တော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်းအဆုံးအဖြတ်ကာလ။ ကျနော် RFA ကမထွက်ချင်ပါဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ချရမယ့် အခြေအနေတရပ်မှာ ခါးသီးတဲ့ ဆုံးဖြတ်ချက် ကျနော် ချခဲ့တယ်။ ကျနော့ဖက်မှာ ကျနော့်ကိုယုံကြည်သူ မိတ်ဆွေတွေကလွဲလို့ ဘယ်သူမှ မရှိ။ မြန်မာပြည်သူ သန်း ၅၀ ကျော်အတွက်တောင် အမှန်တရား ထိထိရောက်ရောက် မပေါ်ထွက်သေးတဲ့ကာလမှာ-။" လို့လည်း ရေးသားဖော်ပြထားပါတယ်။
ခွေးမစား ခင်မောင်စိုးတစ်ယောက်တော့ မြန်မာပြည်သူတွေကို လုပ်ကြံဖန်တီးရေးသားလှုံ့ဆော်ပြီး သေတွင်းထဲ တွန်းပို့ခဲ့ရာကနေ သူကိုယ်တိုင် ရောဂါဝေဒနာဆိုးတစ်ခု ခံစားနေရပြီး သေတွင်း နှုတ်ခမ်းဝကို ရောက်လာတဲ့အချိန်မှာ သွေးရူးသွေးတန်း ရေးသားဖော်ပြမှုတွေ လုပ်ဆောင်နေတာကို တွေ့လာရပါတယ်။
#News

No comments:
Post a Comment