မုဒုံ၊ မတ် ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ကွင်းအသစ်တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေလွှဲလမ်းကြောင်း (ညောင်ကုန်းချောင်း) စီမံကိန်းဧရိယာအတွင်းပါဝင်သော မြေဧရိယာအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြေယာလျော်ကြေးငွေများ ထုတ်ပေးနေမှုကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သော အထောက်အထားမှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ (၁၂) အရ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ (ဧက) စစ်ဆေးခြင်းနှင့် ချက်ဖြင့် ငွေပေးချေခြင်း စသည့်လုပ်ငန်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးသည်။
အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလမ်းကြောင်းလွှဲခြင်းနှင့် ညောင်ကုန်းချောင်းအကျယ်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတွင် မြေအဖြစ် အသုံးပြုရန်ပါဝင်သော တောင်သူ (၁၂၃) ဦး၏ လယ်ဧက ( ၂၁၁ ဒသမ ၈၅) ဧက၊ အဆောက်အဦ ခြောက်ခုနှင့် သီးနှံပင်များအတွက် စုစုပေါင်း လျော်ကြေးငွေ (၁၂၈၈၉၇၄၅၀၀) ကျပ်ကို တာဝန်ရှိသူများက တောင်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ
#News
No comments:
Post a Comment