ရွှေတောင် မတ်-၁၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လူထုအ ခြေပြုဗဟိုဌာန(Community Centre ) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပုံတူပန်းချီပြိုင်ပွဲ ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ နှင့် အသိပညာပေးဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ အသိပညာဗဟုသုတများနှင့် ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲအမှတ်ပေးစည်းမျဥ်းများကို ဆက်လက် ရှင်းပြခဲ့သည်။ ဆက်လက်၍ ပုံတူ ပန်းချီ ပြိုင်ပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျောင်းသား / ကျောင်းသူ (၂၀)ဦးက သက်ဆိုင်ရာ ခေါင်းစဥ်အလိုက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပ ပျောက်ရး အသိပညာပေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment