မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို


နေပြည်တော် မတ် ၁၅

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ငဖဲမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၉)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၈၃)ရာခိုင်နှုန်း၊ ကံမမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၇၆)ဦး၊ နတ်မောက်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၀၃)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၃၅)ရာခိုင်နှုန်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၈)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၈.၂၅)ရာခိုင်နှုန်း၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၆၃၀)ဦး၊ မင်းလှမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၀၀)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၉၄)ရာခိုင်နှုန်း၊ မင်းတုန်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၃)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၇)ရာခိုင်နှုန်း၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၂၀)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၆၇)ရာခိုင်နှုန်း၊ ရေနံချောင်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၄၅၈)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၄၅)ရာခိုင်နှုန်း၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၀၀)ဦး ဖြေဆိုပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၆၄)ရာခိုင်နှုန်း အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)