သထုံမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ


သထုံ မတ် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အားကစားကိုစိတ်ပါဝင်စားပြီး အခြေခံအားကစားနည်းစနစ်များကို စနစ်တကျ လေ့လာလိုက်စားတတ်ရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးတို့အတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခဲခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့် အခြေခံကောင်းများကို ဆက်လက်ကြိုးစားလေ့ကျင့်ပြီး အားကစားဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ် ဂုဏ်ဆောင်သူများဖြစ်အောင် ဆက်လက်လေ့ကျင့်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းနောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်သူတို့ကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

နွေရာသီကျောင်းပိတ်ရက်ကာလတွင် သထုံမြို့နယ်အတွင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ဂျူဒိုနှင့် ပိုက်ကျော်ခြင်း အခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)