ပေါင် မတ် ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာဖြင့် အသိပညာ၊အတတ်ပညာများကို လေ့လာသင်ယူသင့်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် နည်းပြဆရာ ဦးကျော်ရဲအောင်က ရိုးရာခြင်းခတ်ရာတွင် အထိ (၆) ချက်ဖြစ်သည့် ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက်၊ ထပ်ခြေဖျား၊ ထပ်ခြေခွင်၊ ထပ်ဒူး စသည့် အခြေခံခြင်းခတ်နည်းများကို မတ်လ (၁၄) ရက်နေ့မှ (၂၀) ရက်နေ့ထိ (၇) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment