စလင်းမြို့နယ်တွင် မကွေးတိုင်းတောင်သူအဖွဲ့(RFDA)မှ ဦးဆောင်ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မကွေးတိုင်းတောင်သူအဖွဲ့(RFDA)မှ ဦးဆောင်ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲ ကျင်းပ



စလင်း  မတ်  ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်းရှိ  ဒေသခံတောင်သူများ  စျေးနှုန်းမှန်ကန်စွာဖြင့် စိုက်ပျိုးထွက်ရှိမှုသီးနှံများကို ရောင်းချနိုင်ရေး၊ တောင်သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)မှ  ဦးဆောင်ကျင်းပသော ပဲမျိုးစုံ စုပေါင်းရောင်းချပွဲကို မတ်လ(၁၁)ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ  စတင်ကာ ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံကြီးအတွင်း၌ ဒေသပေါက်စျေးထက်ပို၍ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

          ယခုနှစ်တွင် တောင်သူများ ရိတ်သိမ်းချိန်လွန် နည်းပညာများ လိုက်နာဆောင်ရွက်ခြင်းဖြင့်  အရည်အသွေးကောင်း သီးနှံများထွက်ရှိလာကာ  ကောင်းမွန်ခိုင်မာသော  စျေးကွက်ရရှိရန်  ကုလားပဲနှင့် ထောပတ်ပဲများကို စံသတ်မှတ်ချက်များဖြစ်သည့်  ဖုန်၊ သဲကင်းစင်ရမည်ဖြစ်ကြောင်း သိရသည်။ ရိုးပြတ်များမပါရခြင်း၊ အဖျင်းများမပါရခြင်း၊ ပိုးကိုက်ဖဲ့ပိုးပေါက်ရာမပါရခြင်း၊ ပဲအဟောင်းမပါရခြင်းနှင့် တောင်သူများ  လိုက်နာဆောင်ရွက်ရမည့်အချက်များမှ  ခြွေလှေ့စက်ဖြင့် ခြွေလှေ့ခြင်း၊ မိုးကာအခင်းဖြင့် ခြွေလှေ့ရန်နှင့် စက်ခြွေလှေ့ပြီးပဲများအား  ပဲချဇကာဖြင့် သန့်စင်ရခြင်း၊ ပိုးကိုက်ဖဲ့၊ ပိုးပေါက်များသန့်စင်လာရန် သက်တမ်းပြည့်မှ ရိတ်သိမ်း၍ ခြောက်သွေ့သည်အထိနေလှမ်းရန်  အပဲ့ချဇကာဖြင့် သန့်စင်ရန်၊ ပင်စိမ်းများအား သီးသန့်  အခြောက်လှမ်း၍ ရင့်မှည့်အသီးများနှင့်  ရောနှောမထားရန်၊ သန့်စင်ပဲများအား ရေ၊ မိုးရေ၊ အစိုဓာတ်ရှိသော မြေပြင်တွင်မထားရန်၊ စိုက်ပျိုးချိန်  မျိုးကောင်းမျိုးသန့်များအား  စိုက်ပျိုးရန်နှင့်  မျိုးကွဲများအား  သီးသန့်ရိတ်သိမ်းရန်၊ ခြွေလှေ့စက်အား မျိုးမတူရန်အတွက်  မျိုးမတူသီးနှံများ  ခြွေလှေ့ပြီးပါက သန့်ရှင်းရေးလုပ်ရန်နှင့်  လက်ကျန်ပဲ၊ နှစ်ချို့ပဲများအား  ရောနှောရောင်းချခြင်းမှ  ရှောင်ကြဥ်ကြရန်တို့ဖြစ်ကြောင်း သိရသည်။

                  မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ဦးဇော်ဌေးဦးဆောင်သော အဖွဲ့သည် မတ်လ(၉)ရက်နေ့မှစတင်၍ ကုလားပဲများဝယ်ယူခဲ့ရာ ကုလားပဲ (၉၂၉)တစ်တင်းလျှင် (A)အဆင့် ၈၅၈၀၀ ကျပ်၊ (B)အဆင့် ၈၄၈၀၀ ကျပ် ကုလားပဲဟော်လန်(A)အဆင့် ၈၅၈၀၀ ကျပ်၊ B အဆင့် ၈၄၈၀၀ ကျပ်၊ မြကျေးမှုံတစ်တင်းလျှင် A အဆင်း ၈၆၈၀၀ ကျပ်၊ ပဲထောပတ်တစ်တင်းလျှင် ၁၁၈၈၀၀ကျပ်ဖြင့်  ဝယ်ယူလျက်ရှိပြီး  ယနေ့မတ်လ (၁၁)ရက်နေ့အထိ  ကုလားပဲတင်းပေါင်း (၂၈၀)ကျော်  ဝယ်ယူပြီးဖြစ်ကြောင်းဖြင့်  နံနက် ၇ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီအထိ  နေ့စဥ်  တနင်္ဂနွေတစ်ရက်သာ နား၍ဝယ်ယူကြောင်း  တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံမှ  သိရှိရသည်။


မောင်လွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)