ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံလျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျောက်ဖြူမြို့၌ ပြုလုပ်



ကျောက်ဖြူ   မတ်  ၂၃


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာစေရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဒေသတွင်းအခြေခံ လျှပ်စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူမြို့ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒေသခံလူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ ရင်းနှီးမြှပ်နှံမှုများပေါ်ပေါက်လာပါက ကျွမ်း ကျင်လုပ်သား Skill labourများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာများ၏ ဂရုတစိုက်သင်ကြားပြသပေးမှု သင်တန်းသား/သင်တန်းသူများမှ လိုလိုလားလား ကြိုးစားသင်ယူမှုများကို တွေ့ရှိခဲ့ရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ယခုလိုအခြေခံ လျှပ်စစ်ပညာသင်တန်းကို တတ်မြောက်ထားခြင်းဖြင့် လုပ်ငန်းခွင်တွင်သာမက မိမိတို့၏နေအိမ်များတွင်လည်း အသုံးပြုနိုင်သည့်အပြင် SEZ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပေါ်ပေါက်လာပါက အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်မှာဖြစ်ပါကြောင်းနှင့် ကျောက်ဖြူဒေသဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာများနှင့်ဒေသခံများပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကာလတစ်လျှောက် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့၊ လက်တွေ့ပို့ချပြသခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)