ကျုံပျော်မြို့နယ် သပြေကွင်း ကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ် သပြေကွင်း ကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်




ကျုံပျော် မတ် ၂၂

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အများပြည်သူ နားလည်မှု မလွဲမှားစေရေးအတွက် စည်ရုံးဟောပြောခြင်း၊ သိသင်သိထိုက်သည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်း ဆွေးနွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာ အခြေခံ ပညာမူလတန်းကျောင်း၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမင်းက ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှု ထမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကို သေချာစွာနားလည်သိရှိရန်လိုအပ်ကြောင်း၊ အဖျက်အမှောက် မီဒီယာများ၏ ကောလာဟလသတင်းများကို မယုံကြည်ပဲ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများကိုသာ ယုံကြည်ကြရန် လိုအပ်ကြောင်း၊ အထင်အမြင်လွဲမှား၍ လမ်းမှားမရောက်စေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား အခြားနိုင်ငံများတွင်လည်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ အရွယ်ရောက်သူတိုင်း  ပြည်သူ့စစ်မှုထမ်း ဥပဒေပါ သတ်မှတ် အသက်အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေအောင်က စစ်သင်တန်းဆိုင်ရာကိစ္စရပ်များ၊ စစ်သည် တစ်ဦး ရရှိမည့် အကျိုးခံစားခွင့်များ၊ သင်တန်းပြီးမြောက်ပါက မိမိရပ်ရွာ ဒေသနှင့်နီးစပ်သော တပ်ဖွဲ့ဌာနများတွင်သာ တာဝန်ထမ်းဆောင်ရမည့် ကိစ္စများ၊ နိုင်ငံသားတိုင်း စစ်ပညာ တတ်မြောက်ထားစေရေး ရည်ရွယ်ချက်များ၊  ပြည်တွင်း/ပြည်ပ အဖျက်အမှောက် အန္တရာယ်များ ကျရောက်ပါက ကာကွယ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်‌၍ အတွင်းရေးမှူး ဦးသန်းမင်းနိုင်က ပြည်သူ့စစ်မှုထမ်း ဥပဒေပါ အချက်များအား ရှင်းလင်းပြောကြားခြင်း၊ ကောလဟာလ သတင်းများနှင့် ပတ်သက်၍  ပြန်လည်ချပြ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် အင်းရဲကျေးရွာအုပ်စုနှင့် အင်းမကျေးရွာအုပ်စုတို့မှ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့် မေးမြန်းမှုများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)