လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲ ကျင်းပ


လားရှိုး မတ် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လားရှိုး) တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းမှ ကျောင်းအုပ် ဒေါ်မြမြသင်းက သင်တန်းကာလအတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းမှူးက  သင်တန်းထူးချွန်ဆု ပထမဆု ရရှိသူ မတ္တရာမြို့နယ်မှ မရွှေဇင်ထက် အားလည်းကောင်း၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဒုတိယဆု ရရှိသူ နောင်ချိုမြို့နယ်မှ မအေမိုင်အားလည်းကောင်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးသန့်ထင်စိုးက တတိယဆုရရှိသူ ကွမ်းလုံမြို့နယ်မှ မဝင်းမြတ်သူအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သင်တန်းဆင်း အောင်လက်မှတ်များကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီးလှမင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းတို့က သင်တန်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ပြီး  သင်တန်းသူတစ်ဦးက လက်ခံရယူ၍ သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းသူများ၏ သင်တန်းကာလအတွင်း ချုပ်လုပ်ထားသော အဝတ်အထည်များကို ခင်းကျင်းပြသထားမှုကို လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)