ဂွမြို့နယ်တွင် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ် အသိပညာပေး(Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ် အသိပညာပေး(Talk Show)ကျင်းပ


ဂွ   မတ်    ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်မှ ဒေါက်တာမြင့်သန်းထွန်း ( ပြည်သူ့ကျန်းမာရေး) ရေးသားသည့် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်အကြောင်း ဆွေးနွေးသည့် အသိပညာပေးTalk Showကို လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့် ခံစားနေရသည့် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်အကြောင်းကို  မေးမြန်းဆွေးနွေးရာ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နွေရာသီတွင် ရာသီဥတုပူပြင်းမှုကြောင့်လူတိုင်းကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများ၊ ခရမ်း လွန်ရောင်ခြည်၏ ဆိုးကျိုးများ၊အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်အန္တရာယ်များမှ ကာကွယ်ခြင်းများ အကြောင်းပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)