နေပြည်တော်၊ မတ် ၆
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ က 1027 Operation စစ်ဆင်ရေးကာလအတွင်း ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များ ရုပ်သိမ်းကြောင်းကြေညာထားသည်ကို တွေ့ရသည်။
ဒေသခံပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခဲ့သည့်အဖွဲ့ ၃ဖွဲ့တွင် ပါဝင်သည့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ၎င်းတို့အုပ်ချုပ်သည့် မြို့ရွာဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကျားဖြန့်အပါအဝင် လောင်းကစားများ ကင်းစင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် မျှတသည့်ဥပဒေဖြင့်စီမံအုပ်ချုပ်မှုတို့ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်ဟု ယုတ္တိမရှိသော ရေးသားထုတ်ပြန်မှုများဖြင့် အများပြည်သူကို လိမ်လည် လှည့်ဖျားလျက်ရှိသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က သိမ်းပိုက်ထားသည်ဆိုသော မြို့များထဲမှ မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့များကို ၂၀၂၄ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် အစိုးရက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပြီး ဖြစ်သည်။
#News

No comments:
Post a Comment