တပ်မတော်ကို ပုန်ကန်ဖို့ ကုလားထွန်းခင် နဲ့ နေဆန်းလွင် ထံက ဘင်္ဂါလီတပ်သား ၅၀၀၀၀ သွားတောင်းခဲ့တဲ့ AA အကြမ်းဖက်ခေါင်းဆောင်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်ကို ပုန်ကန်ဖို့ ကုလားထွန်းခင် နဲ့ နေဆန်းလွင် ထံက ဘင်္ဂါလီတပ်သား ၅၀၀၀၀ သွားတောင်းခဲ့တဲ့ AA အကြမ်းဖက်ခေါင်းဆောင်များ


သမိုင်းဆိုင်ရာ အထောက်အထားလေးတစ်ခု ဆရာကြီးတစ်ဦးက ရေးသားပေးပို့တဲ့ ဝတ္ထုထဲမှာ တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့်စ် က ဖော်ပြနေတဲ့ (ကျူးကျော်စစ်ရန် တို့တွန်းလှန်) အခန်းဆက် ဝတ္ထုမှာ ရခိုင်နဲ့ တောင်ငူက သံလျှင် ကို သိမ်းပိုက်ပြီး ကုလား ငဇင်ကာရဲ့ လက်ထဲ ထည့်ခဲ့တဲ့ အချက်ကို သွားတွေ့ရတယ်။ ဆရာကြီး ဒီဝတ္ထုကို ရေးတဲ့ ရည်ရွယ်ချက်က သမိုင်းဆိုင်ရာများကို လူငယ်များ စိတ်ဝင်စားအောင် ဝတ္ထုသဖွယ် ရေးသားထားခြင်း ဖြစ်ပါတယ်။ အချက်အလက်အားလုံးဟာ သမိုင်းဆရာကြီးများ ရေးသားပြဆိုထားတဲ့ အချက်တွေချည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ယနေ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားသွားတာနဲ့ ဆက်စပ်ကြည့်တဲ့အခါ ရခိုင်တွေဟာ ရှေးဘုရင်များလက်ထက်ကလည်း မြန်မာတွေအပေါ် ယုတ်မာခဲ့သလို အခုလည်း ဒီလမ်းစဉ်အတိုင်းပဲဆိုတာကို တွေ့လိုက်ရတယ်။ 

AA အကြမ်းဖက်အဖွဲ့က လူမျိုးရေးပဋိပက္ခဖန်တီးနေတာနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားခဲ့ရာမှာ "ကျွန်တော်တို့အနေနဲ့ လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှလည်း မဖန်တီး ခဲ့ဘူး။ ပဋိပက္ခဖြစ်လာရင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းပိုင်းဆိုင်ရာတွေ သည် ခေါင်းခံရတယ်၊ တာဝန်ခံရတယ်ဆိုတာ သိပြီးဖြစ်တယ်။ ဘယ်လောက်ခက်ခဲတယ် ဆိုတာသိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ ဘယ်တုန်းကမှလုပ်ဆောင်ခဲ့တာမရှိပါဘူး။ ပဋိပက္ခ တွေဖြစ်ပွားလို့ ထိန်းသိမ်းလုပ်ဆောင်တဲ့နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန် ထမ်းတွေကို ဘယ်ဖက်ကလိုက်တယ်၊ ညာဖက်ကလိုက်တယ် ဒီလိုမျိုးစွပ်ဆွဲချက်တွေ ရှိကောင်းရှိတယ်။ ဘယ်တုန်းကမှလည်းမစတင်ခဲ့ဘူး။ နောင်မှာလည်း စတင်မှာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောချင်တယ်။ နောက်တစ်ခုကတော့ ကျွန်တော်ပြောခဲ့တဲ့ ဘူးသီးတောင်ဒေသရဲ့ထူးခြားချက် ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ပဋိပက္ခ ကြီးကြီးမားမား မဖြစ်ပွားခဲ့ပါဘူး။ ဒီ AA ဝင်လာမှသာ လူမျိုးရေးနဲ့ပတ်သက်ပြီး လှုံ့ဆော်နေ တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာ ဖြစ်ပွားခဲ့တဲ့ အခြေ အနေတွေကိုပြောနေရင် အများကြီးရှည်သွားမယ်။ ဒါကြောင့်မလို့ ဘူးသီးတောင်ဒေသမှာ ယခု အနီးကပ်ဆုံးဖြစ်ခဲ့တဲ့အခြေအနေတွေကိုပဲ ကျွန်တော်ပြောပါမယ်။ ၂၀၁၃ ခုနှစ် ၁၂ လပိုင်းမှာ ဘူးသီးတောင် နန်းရာကုန်း ကျေးရွာအုပ်စုမှာ AA က ဘူးသီးတောင်မြို့ ပတ်ဝန်း ကျင်မှာရှိတဲ့ မူးဆလင်ရွာတွေကို ရွာတစ်ရွာမှာသုံးယောက်မလာမနေရဆိုပြီး အစည်းအဝေး ခေါ်တယ်။ အစည်းအဝေးခေါ်ပြီးတော့ မူဆလင်တွေကို သူတို့နဲ့ပူးပေါင်းဖို့ စတင်ပြောခဲ့ တယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာပဲ ဘူးသီးတောင် ရပ်ကွက် (၄) မှာနေတဲ့ အာမန်နဲ့ ရှော်ရှနီ ဆိုတဲ့ မူဆလင်နှစ်ယောက်ကို AA က ဖမ်းဆီးသွားတယ်။ အဓိကကတော့ တပ်မတော်နဲ့ပူးပေါင်း တယ်ဆိုပြီး ဖမ်းဆီးသွားတာဖြစ်တယ်။ ဒီနေ့အထိ ပြန်လွတ်လာခြင်း မရှိဘူး။ အဲ့ဒီလိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးပြီးနောက်ပိုင်းမှာလည်း ပူးပေါင်းရင်သူတို့လို ဖမ်းဆီးခံရမယ် ဆိုပြီး ခြိမ်းခြောက်တာမျိုးရှိခဲ့တယ်။ နောက်တစ်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘူးသီးတောင် ကျောက်ဖြူသားသေကံ‌ကျေးရွာအုပ်စု မနက် ၁၀ နာရီမှာ AA က နိုင်ငံရေးမှူးတို့ စစ်ဒေသမှူးတို့အမည်ခံထားတဲ့သူ ၂၀ လောက်က မူဆလင်ကျေးရွာတွေ အားလုံးကို အစည်းအဝေးခေါ်တယ်။ ခေါ်ပြီး မူဆလင်ကျေးရွာများကို ကျေးရွာတစ်ရွာမှာ လူ ၁၀ ယောက်ဆီသူတို့ AA နဲ့ပူးပေါင်းဖို့ ဆောင်ရွက်ပေးဖို့ ပြောတယ်။ AA ကိုထည့် ပေးဖို့ပြောတယ်။ မပေးနိုင်ဘူးဆိုရင် သူပုန်ရွာတွေအဖြစ်သတ်မှတ်မယ်ဆိုပြီး ပြောခဲ့တာမျိုး ရှိပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ညောင်ချောင်းမှာပဲ မူဆလင် ကျေးရွာ တွေက ကျေးရွာ လူကြီးတွေ၊ တာဝန်ခံတွေ ငါးယောက်ကိုခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တောင်းထားတဲ့လူ တွေရပြီလား။ အမြန်ဆုံးပေးဖို့ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲ့ဒီလမှာပဲ ဘူးသီးတောင်မြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ မူဆလင်ကျေးရွာတွေဖြစ်တဲ့ လက်ဝဲဒက် ပုဇွန်ချောင်းကျေးရွာကို AA ဝင်ရောက်လာပြီးတော့ သူတို့နဲ့မပူးပေါင်းဘူးဆိုပြီး ရွာတစ်ရွာ လုံးကိုမီးရှို့ခဲ့တယ်။ အဲ့ဒီလို မီးရှို့ခဲ့တဲ့အတွက် အဲ့ဒီက ဒုက္ခသည်တွေအားလုံးကို မူဆလင် ဒုက္ခသည်တွေအားလုံးကို ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အစိုးရဝန်ထမ်းတွေအနေနဲ့ မြို့ထဲကိုပြောင်းရွှေ့ပေးရတာ ရှိပါတယ်။" လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး "၂၀၂၄ ခုနှစ်နှစ် မတ်လ ၁၀ ရက်နေ့မှာတော့ ယခင်က မွတ်စလင်အဖွဲ့အစည်း တွေဖြစ်ခဲ့တဲ့ မွတ်စလင်အဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဦးထွန်းခင်နဲ့ နေဆန်းလွင် တို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကိုရောက်လာတယ် AA က ခေါင်းဆောင်ပိုင်း တစ်ချို့နဲ့တွေ့တယ်။ တွေ့ပြီးတော့ကျ Refugees Campကနေပြီးတော့ မွတ်စလင်လူငယ် ၅သောင်း လောက်ကို AA နဲ့ ပူးပေါင်းအောင်ဆောင်ရွက်ပေးဖို့ဆိုပြီး ဆွေးနွေးခဲ့တာတွေရှိတယ် ဆိုတာကို သတင်းရရှိပါတယ်။" လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါက လက်တလော အခြေအနေပါ။ AA ဟာ တပ်မတော်ကို တော်လှန်ပုန်ကန်ဖို့ ဘင်္ဂါလီတွေရဲ့ အင်အားကို ရယူအသုံးပြုဖို့ ကြိုးပမ်းခဲ့တဲ့ ဆောင်ရွက်ချက် ဖြစ်ပါတယ်။ သူတို့ တောင်းဆိုသလို ဘင်္ဂါလီတွေဘက်က ပါမလာတဲ့အခါကြတော့ ဘင်္ဂါလီတွေကို ပြန်ပြီး ဒုက္ခပေးတယ်။ 

ထိုနည်းတူစွာပဲဗျ ရှေးဘုရင်များ လက်ထက်တော်အခါက -

ဘုရင့်နောင်မင်းတရားကြီးရဲ့မြေးတော် အနောက်ဘက်လွန်  မင်းလက်ထက် ပေါ်တူဂီ ဒီဗရစ်တိုလို့ခေါ်တဲ့  ငဇင်ကာ လက်အောက်ကျနေတဲ့ ရာမညတိုင်းကို လွတ်မြောက်အောင်လုပ်ခဲ့ရတယ်။ အဲဒီပေါ်တူဂီ  ငဇင်ကာ သံလျင်မြို့ရသွားတာ ရခိုင်မင်းနဲ့ တောင်ငူမင်းတို့က လုပ်ခဲ့ကြတယ်။ ရဲမက်စစ်သည် အင်အားမရှိတော့တဲ့  ငါးဆူဒါယကာ နန္ဒဘုရင်ကို တောင်ငူမင်းနဲ့ ရခိုင်မင်းတို့ က ၉၆၁ ခုမှာတိုက်ခဲ့တယ်။ နန္ဒဘုရင် တောင်ငူပါတော်မူတယ်။အဲဒီတိုက်ပွဲမှာ ရခိုင်ဘုရင် မင်းရာဇာကြီး ဖက်က ငဇင်ကာက ကူညီတိုက်ခဲ့တယ် ။ ဒီလိုကူညီပေးလို့  ရခိုင်ဘုရင်က တောင်ငူဘုရင် မင်းရဲသီဟသူ သဘောတူညီချက်ယူပြီး ငဇင်ကာ ခေါင်းဆောင်တဲ့ ပေါ်တူဂီစစ်တပ်ကို သံလျင်ဆိပ်ကမ်းပေးခဲ့တာ၊ ငဇင်ကာလို့ ဆိုတာက မြန်မာအခေါ်ဖြစ်တယ်။ ပေါ်တူဂီလိုက ဖီးလစ် ဒီဗရစ်တိုနီကိုတီ တဲ့။ ရခိုင်တွေခေါ်တာက ငအင်္ဂါတဲ့ သံလျင်ကိုရသွားတဲ့ ငဇင်ကာက သံလျင်သာမဟုတ်တော့ဘဲ တနိုင်ငံလုံးကို အုပ်ချုပ်ဖို့ စီမံခဲ့တယ်။ ငဇင်ကာက သူ့သမီးနဲ့ မုတ္တမစား ဗညားဒလသား ထိမ်းမြားပေးပြီး ရာမညကို သိမ်းပိုက်တယ်။ ပုသိမ်၊ ရန်ကုန်၊ ဟံသာဝတီ စတဲ့မြစ်ဝကျွန်းပေါ်  ဒေသကိုလည်း ထိန်းသိမ်းခဲ့တယ်။ သည် သုံးလေးနှစ်မှာ အင်အားတောင့်တင်းအောင် ဂိုအားဘုရင်ခံထံက စစ်သင်္ဘော ၆ စင်းနဲ့အားဖြည့်။ မြစ်ဝကျွန်းပေါ်နဲ့ ရာမညမှာ ထင်သလို ချယ်လှယ်နှိပ်ကွပ်တော့တာပဲ။ ရွှေတိဂုံစေတီက မွန်ဘုရင်းမင်းမြတ် ဓမ္မစေတီမင်း ပူဇော်ထားတဲ့ ခေါင်းလောင်းတော်ကြီးကိုရော ရွှေ တွေငွေတွေရောယူသွားတာ ပင်လယ်ဝမှာ ခေါင်းလောင်းသယ်တဲ့ ဖောင်ပျက်သွားပြီး ခေါင်းလောင်းကြီး နစ်သွားတယ်။ ဒီနေ့ထိ မဆယ်ယူနိုင်သေးဘူး။ ငဇင်ကာဟာ တိုင်းသူပြည်သားများအပေါ် နိုင့်ထက်စီးနင်းပြုကျင့်ရုံမက ဘာသာသာသနာလည်းဖျက်ဆီး၊ တို့ ပြည်သူတွေ ကိုယ့် ဘာသာကိုယ်တောင် လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ဆီးကပ်ခွင့်မရခဲ့ဘူး။ အားကောင်းလာတဲ့ ငဇင်ကာဟာ ရခိုင်ဘုရင်မင်းရာဇာကိုလည်း မကျိုးမနွံ မပျပ်မဝတ်၊ တောင်ငူဘုရင် မင်းရဲသီဟသူကိုလည်း မကျိုးမနွံ မပျပ်မဝပ်၊ လက်ဆောင်မဆက်ပဲ နေတော့ ၉၆၅ ခုနှစ်မှာ ရခိုင်၊ တောင်ငူပေါင်း သံလျင်ကိုတိုက်တယ်။ မနိုင်ဘူး။ ရခိုင်ဘုရင့်သားတော် အိမ်ရှေ့မင်း မင်းခမောင်းကို ငဇင်ကာတို့ကတောင် ဖမ်းမိသွားတယ်။ ငဇင်ကာက ရခိုင်ဘုရင်နဲ့ တောင်ငူဘုရင်ကို - 'မလေးမစား ငါ့ကိုကျွန်ဟူ၍ မဆိုနှင့်၊ ပြည်ထောင်ချင်းမင်းဟုဆို၊ ယင်းသို့မှ ဥပရာဇာကိုငါပေးမည်၊ နောက်နောင် သံလျှင်မြို့ကို မလုပ်မကြံပြီ ဟူ၍' ကတိပြုစေတယ်။ ရခိုင်ဘုရင်ကော  တောင်ငူဘုရင်ပါ လက်လျော့ရတယ်။

ဘုရင့်နောင်မင်းတရားကြီးရဲ့ ဟံသာဝတီဟာ သားတော်နန္ဒ ဘုရင်လက်ထက်မှာ တပ်တော်အင်းအားချိလို့ ပျက်ခဲ့ရတယ်။ ဒုတိယသားတော် ညောင်ရမ်းမြို့စား မင်းရဲနန္ဒမိတ်က ပြန်စည်းရုံးနေတုန်း ကံတော်ကုန်လို့ သားတော်အနောက်ဖက်လွန်မင်းက ဆက်စည်းရုံးခဲ့တယ်။ ငဇင်ကာ ဖိနှိပ်မှုတွေရပ်စဲဖို့  ၉၇၄ ခု၊ ပြာသိုလဆန်း ၄ ရက်နေ့မှာစစ်ချီတယ်။ သည်လိုစစ်ချီရာမှာ ရှမ်းပြည်သူတွေရော အဝနေပြည်သူတွေရော၊ ရာမညကပြည်သူတွေပါ တစိတ်တဝမ်းညီ ချီကြတယ်။ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ မင်းတရားကြီး ဦးဆောင်မှုအောက်မှာ စုရုံးခဲ့ကြတယ်။

အားကိုးအားထားအုပ်ချုပ်သူ မင်းတရားအောက်မှ တပ်တော်အားရှိလာကြတယ်။ မြန်မာတပ်တော်က သံလျင် အရှေ့တောင်ထောင့်အရပ်မှာ တပ်ချ၊ မွေ့နန်းတောင်ကိုပတ်၍ တပ်တည်၊ တိုက်ပွဲက အလွန်ပဲပြင်းထန်တယ်။ ငဇင်ကာ ပေါ်တူဂီတပ်က မြို့ရိုးပေါ်တက်လာ ကပ်လာတဲ့ မြန်မာ့တပ်သားတွေကို ပွဲလျက်ရည်၊ ငရုတ်ရည်တွေနဲ့လောင်း၊ ဗုံး၊ သေနတ်၊ စိန်ပြောင်း၊ မြတပူတွေ ပစ်လွှတ်တော့ မြန်မာရဲမက်တွေ ထိခိုက်ရှနမှုများလို့ ဆုတ်ခွါရတယ်။ နောက်ဆုံး ဥမင်ကို မြို့ရိုးအောက်ခြေထိတူး၊ ဝင်ပေါက်ရမှ အာမခံသူရဲကောင်းတွေက အသက်ပဓာနမထား တိုက်ခိုက်ခဲ့တာ ငဇင်ကာကို လက်ရဖမ်းမိတာပဲ။ ဒီလိုသံလျင်မြို့ထဲ ဝင်လို့ရအောင်မွန်အမတ် ဗညားခံ က မြို့တွင်းကစွန့်စားကူညီခဲ့တယ်။ အိန္ဒိယမှာရှိတဲ့ ဂိုအားဘုရင်ခံချုပ်က  သံလျင်က ငဇင်ကာတို့ကို ကူညီဖို့ 'ဂျာမက်စ်ဒေမဲင်ဒေါ်သာဖူးရ်တာဒို' ခေါင်းဆောင်တဲ့ စစ်သင်္ဘော ၅ စင်းစစ်ကူပို့တာ မြန်မာရေတပ်က ကြားဖြတ်တိုက်တော့ ၁ စင်းထွက်ပြေး။ ၄ စင်းရလိုက်တယ်။ အဲဒီ တိုက်ပွဲမှာ မြန်မာ့ရေတပ်က အမတ်စစ်သူကြီး 'နန္ဒသူရိယ'က ပေါ်တူဂီသင်္ဘောပေါ် ဦးဆောင်တက် တိုက်ပွဲဝင်တာ ပေါ်တူဂီကျည်သင့် ကျဆုံးခဲ့ရတယ်။ ဒါဟာ ကုလားဖြူတွေရဲ့ စဦးကျူးကျော်မှု လက်အောက်က လွတ်မြောက်ရေး အနောက်ဖက်လွန်မင်းတရားကြီး ဦးဆောင်တိုက်ထုတ်ဖြိုဖျက်ခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာပြည် (မြန်မာ့သမိုင်း) ဟာ ရှေးဘုရင်များ လက်ထက်ကတည်းက ပြည်ပအားကိုး ပြည်ဖျက်မိစ္ဆာတွေ ရှိခဲ့သလို ယခုလည်း ထိုနည်းတူစွာပဲ မဟုတ်ပါလား။ ထိုစဉ်အချိန်က ပြည်သူများမှာလည်း ကိုယ့်ဘာသာ သာသနာအပေါ် ထိပါးစော်ကားလာမှုကြောင့် ညီညီညွတ်ညွတ်နဲ့ နှိမ်နင်းခဲ့ရတယ်။ ယခု AA အကြမ်းဖက် အုပ်စုကို ဦးဆောင်သူများရဲ့ လမ်းစဉ်ဟာလည်း ကုလား ဦးထွန်းခင်နဲ့ နေဆန်းလွင် တို့ကို အပေးအယူ သွားလုပ်ပြီး တပ်မတော်ကို တော်လှန်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဟာ သမိုင်းထဲက ရခိုင်ဘုရင် မင်းရာဇာကြီး ရဲ့ လုပ်ရပ်မျိုး ထပ်တူကျနေသလားလို့ပါ။

ယနေ့ အဖြစ်အပျက်တွေဟာ နောင်တချိန်အတွက်တော့ သမိုင်းပေါ့ဗျာ။ ရှေးအခါက ရခိုင်ဘုရင်များဟာ မြန်မာ့မြေကို သိမ်းပိုက်ပြီး ကုလား ငဇင်ကာလက် အပ်ခဲ့သလို ယခု AA အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများကလည်း ကုလား ဦးထွန်းခင်နဲ့ နေဆန်းလွင် တို့ ထံကနေ ဘင်္ဂါလီစစ်သား ၅၀၀၀၀ သွားတောင်းတာ ဘာတွေ ပြန်ပေးဖို့များ ရည်ရွယ်ထားလေသလဲ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)