ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်



ထန်းတပင်  ၊ ဧပြီ ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တာဝန်ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံသို့ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။      

ထန်းတပင်မြို့နယ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ်ဘီလီယံပေါင်း (၁၀.၇၁၉) ဖြင့် လုပ်ငန်း (၈၈) ခုနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ဘီလီယံပေါင်း (၄၃.၅၄၉) ဖြင့် လုပ်ငန်း(၂၅)ခု စုစုပေါင်း လုပ်ငန်း (၁၁၃) ခုကို ကျပ်ဘီလီယံပေါင်း (၅၄.၂၆၈)ဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးရုံး မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)