သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းကို ပစ်မှတ်ထားတဲ့ AA ရဲ့ လုပ်ရပ်က ဘာရည်ရွယ်ချက်လဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းကို ပစ်မှတ်ထားတဲ့ AA ရဲ့ လုပ်ရပ်က ဘာရည်ရွယ်ချက်လဲ



ရခိုင်ပြည်နယ်အတွင်းမှာ AA အကြမ်းဖက်အဖွဲ့က အကြမ်းဖက်လုပ်ရပ်တွေ စတင်ကျူးလွန်လာချိန်ကစပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ပါတယ်။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၁ ကနေ ၂၀၂၃ နှစ်ဝက်ကျော်သည်အထိ ပကတိ အေးချမ်းတဲ့ ဒေသဖြစ်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA, TNLA နဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တဲ့ AA အကြမ်းဖက်အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ်မှာ ခြေကုတ်ယူနိုင်ဖို့ ကြိုးစားရာနေ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

၂၇-၄-၂၀၂၄ ရက်နေ့မှာတော့ AA အကြမ်းဖက်အဖွဲ့ဟာ သံတွဲမြို့နယ်အတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်း ကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ပါတယ်။ စီမံကိန်းနယ်မြေအတွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေရဲ့ သတင်းပေးမှုကြောင့် အချိန်နဲ့တပြေးညီ သတင်းဖော်ပြပေးနိုင်ခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့က သူဌေးရေအားလျှပ်စစ်စီမံကိုန်းကို ပစ်မှတ်ထားတိုက်ခိုက်လာချိန်မှာ လုံခြုံရေးယူထားတဲ့ တပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပေါ်ခဲ့ပြီး စီမံကိန်းနယ်မြေအတွင်းကို ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ စီမံကိန်းနယ်မြေအတွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေကို ချက်ချင်းပြောင်းရွှေ့ခဲ့ရပါတယ်။

ဒီနေရာမှာ အထူးတလည်ပြောချင်တာကတော့ ဖွံ့ဖြိုးတိုးတက်ရေးကို ရေပတ်မဝင်အောင် ရွှန်းရွှန်းဝေပြောတတ်တဲ့ သူတွေ (အကြမ်းဖက်ဝါဒီတွေ) က အခုလို ဒေသခံပြည်များအတွက် ကောင်းကျိုးဖြစ်စေမယ့် စီမံကိန်းကို ဘာကြောင့် ဝင်ရောက် ဖျက်ဆီးချင်ရတာလဲ။ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ဒေသခံပြည်သူတွေရဲ့ ကောင်းကျိုးကို လိုလားတဲ့ လုပ်ရပ်လား၊ ကောင်းကျိုးဖြစ်မှာကို မလိုလားတဲ့ လုပ်ရပ်လား။

သူဌေးရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်လို့ (၃၀-၁၀-၂၀၂၂) ရက်နေ့က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ ဒီစီမံကိန်းဟာ လူဦးရေ (၁)သန်းအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များအရ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ဖြစ်ပါတယ်။ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆ ကီလိုဝပ် နာရီသန်း ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ 

ဒီလိုစီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ်သလို အောင်မြင်ဖို့ဆိုတာ ပိုပြီး ခက်ခဲပါတယ်။ ဒီစီမံကိန်းကြီးအတွက် နိုင်ငံတကာ ပညာရှင်တွေရဲ့ အကူအညီကိုပါ ရယူပြီး ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ဖျက်စီးရတာတော့ အလွန်လွယ်ပါတယ်။ ဒီစီမံကိန်း နယ်မြေအတွင်းကို AA  အကြမ်းဖက်အုပ်စုရောက်လာပြီး ထင်ရာမြင်ရာ ရမ်းသမ်းပစ်ခတ် ဖျက်ဆီးလိုက်တာနဲ့ အချိန်တိုအတွင်းမှာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ အချိန်ယူတည်ဆောက်ခဲ့ရသမျှ အဟောသိကံ ပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ (၂၈-၄-၂၀၂၄) ရက်နေ့ ကြားသိရတဲ့ သတင်းများအရ တပ်မတော်က လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။ AA အကြမ်းဖက်အုပ်စုလည်း ဆက်မတိုးနိုင်ပါဘူး။ ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တွေ အသိဆုံးဖြစ်မှာပါ။ ရခိုင်ပြည်ဟာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့တဲ့ ဒေသဖြစ်ခဲ့တယ်။ ဒီအပေါ်မှာ ရခိုင်နိုင်ငံရေးသမားတွေ ကိုယ်တိုင်လည်း တဖွဖွ ပြောခဲ့ကြတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတက်လာတဲ့ အချိန်မှာ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ စီမံကိန်းတွေ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တယ်။ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတွေရပြီး ဝင်ငွေတိုးတက်လာတယ်။ 

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာကိုလည်း နိုင်ငံတော်အစိုးရက မူလအခြေအနေထက် သာလွန်အောင် ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်တို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သလို ပံ့ပိုးမှုတွေလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ပေးခဲ့တယ်။ ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင် သွားရောက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်။

အရာအားကို AA အကြမ်းဖက်အဖွဲ့က အဟောသိကံဖြစ်အောင် လုပ်ခဲ့တယ်။ အားမရနိုင်သေးဘူး။ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေဆဲပဲ။ ရခိုင်အများစုက ထောက်ခံအားပေးပါတယ်ဆိုတဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်သူများကို ကောင်းကျိုးဖြစ်စေပါသလား။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသူတွေလား။ ရခိုင်ပြည်နယ်ကို ဖျက်ဆီးနေသူတွေလားဆိုတာတော့ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံနေပါတယ်။ နီပိန်းများကဲ့သို့ပင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများကို စုံလုံးကန်း ယုံကြည်ပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ ဘဝတွေ ပျက်ခဲ့ရသလို ရခိုင်တိုင်းရင်းသားများကရော မူးယစ်ရာဇာ AA အကြမ်းဖက်အဖွဲ့ရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ၊ လူမျိုးရေးပဋိပက္ခ ဖန်တီးနေတဲ့ လုပ်ရပ်တွေကို ဇွတ်မှိတ်ပြီး ထောက်ခံအားပေးနေကြမှာလား။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတာ ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်ခြင်း ဖြစ်ပါတယ်။ AA အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ စကားနောက်ကို သံယောင်လိုက်ပြီး ရခိုင်တိုင်းရင်းသားများက နီပိန်း ပဒက်များကဲ့သို့ပင် ကိုယ့်ဒုက္ခ ကိုယ်ဖန်တီးမယ်ဆိုရင်လည်း သဘောရှိသလိုသာ လုပ်ကြပေတော့။


နောင်တော်လေး (ဘိုကလေး)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)