ရွှေတောင် ၊ ဧပြီ -၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ( ၂၀၂၄- ၂၀၂၅) ပညာသင်နှစ် နွေရာသီ လူငယ်ကင်းထောက်သင်တန်း အထက(၁) ပြည်မှ ကျောင်းသား ၊ကျောင်းသူများ ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း စခန်းချလေ့လာရေးခရီးစဥ် ရောက်ရှိခဲ့သည်။
အဆိုပါ ခရီးစဉ်တွင် ရွှေတောင်မြို့နယ် ၊မယားမာန်ကျေးရွာအုပ်စု၊ရှေးဟောင်းသမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး၊ ရွှေတောင်မြို့နယ် ၊ကြို့ကုန်းအုပ်စု၊ ပေကုန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရဟန္တာ ( ၈၀) သိမ်တော်ကြီးနှင့် ရွှေတောင်မြို့နယ် ၊ယွန်းတန်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေမျက်မှန် ဘုရားကြီး တည်ရှိရာနေရာများသို့ စခန်းချလေ့လာခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကင်းထောက်လူငယ်သင်တန်း ကျောင်းသား ၊ကျောင်းသူ များစခန်းချလေ့လာရေးခရီးစဥ်တွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မယားမာန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ရွှေနတ်တောင်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များ လိုက်ပါ၍ လိုအပ်သည့်လုံခြုံရေး အုပ်ချုပ်ရေးဆိုင်ရာပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခဲ့ရာ လေ့လာခရီးစဥ်တွင် ကျောင်းသား ၊ကျောင်းသူ ( ၆၀) ဦး ၊ကြီးကြပ်သူ (၁၀) ဦးစုစုပေါင်း ( ၇၀) ဦး တို့မှာ မော်တော်ယာဥ် (၂)စီးဖြင့် လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment