မအူပင်၊ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပန်းခင်း(၃)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ Biometric ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းများကို ယနေ့ နံနက်ပိုင်းက မင်းဘောကျေးရွာအုပ်စု၊ သံဖြူစုအခြေခံပညာမူလတန်း ကျောင်း၌ အခြေပြုကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မအူပင် ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီစိုးနှင့် မြို့နယ်ဦးစီးမှူး ဦးခင်မောင်အေးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မင်းဘောကျေးရွာအုပ်စုတွင် နေထိုင်သည့်ပြည်သူများအား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး Biometric ကောက်ယူခြင်းများ ဆောင်ရွက်ပေးသည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ခြင်း၊ Biometric ကောက်ယူခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရ သည်။
အောင်မြင့်မြတ်
#News
No comments:
Post a Comment