နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးတက်ရောက်


နေပြည်တော်၊ မတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နိုင်ငံတော်ရဲ့ မူဝါဒကို လိုက်နာပြီး ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ပြီး လိုင်စင်ချထားပေးကြရမှာဖြစ်ပါကြောင်း၊ အများပြည်သူ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူတဲ့နေရာမှာ စိတ်ကြိုက်ရွေးချယ်ခွင့်ရစေပြီး ပြည်ပကို သွားရောက်ဆေးကုသမှုတွေ လျော့နည်းစေမှာဖြစ်ပြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေကနေ ရသင့်ရထိုက်တဲ့ အခွန်အခတွေရရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လွတ်လပ်စွာ ရင်းနှီးမြုပ်နှံခွင့် ရကြပြီးတော့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒီကနေ့ အစည်းအဝေးမှာတော့ တိုင်းအဆင့်အနေနဲ့ လိုင်စင်ချထားခွင့်ရှိတဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း (အသစ်) (၁၀၄) ခုနဲ့ လိုင်စင်သက်တမ်းတိုး တင်ပြလာတဲ့ ကျန်းမာရေးလုပ်ငန်း (၅၈) ခုကို လိုင်စင်ခွင့်ပြုပေးနိုင်ဖို့အတွက် ကျန်းမာရေးဌာနက စိစစ်တင်ပြလာတဲ့ အခြေအနေတွေအပေါ် မှာ သုံးသပ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေကို သင့်တော်တဲ့ လိုင်စင်အမျိုးအစားအလိုက် လိုင်စင်ခွင့်ပြုပေးကြဖို့ဖြစ်ပါကြောင်း၊ ကော်မတီဝင်ဌာနများအနေနဲ့လည်း ပါဝင်စိစစ်ပြီး လိုင်စင်ခွင့်ပြုရာမှာ အကြံပေးဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး နေပြည်တော် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် များက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အမျိုးမျိုးကို ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်က ရှင်းလင်းဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင် 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)