ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား


ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၅ ဆိုတဲ့ နှစ်ဟောင်းကာလကိုဖြတ်ကျော်၊ ကုန်ဆုံးစေပြီး ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကို စတင်ချဉ်းနင်းဝင်ရောက်တဲ့နေ့ဖြစ်ပါတယ်။

အတိတ်ကာလရဲ့ အဟောင်းတွေ၊ ကုန်ဆုံးလွန်မြောက်၊ အတွေးသစ်၊ အမြင်သစ်၊ ခြေလှမ်းသစ်တွေနဲ့ စည်းလုံးညီညွှတ်၊ စွမ်းအားရှိသော နိုင်ငံရေးပါတီတစ်ခုအဖြစ် အစပြုကြရ‌င်း နှစ်သစ်ကိုကြိုဆိုရမှာ ဖြစ်ပါတယ်။

နှစ်ဟောင်းကာလမှာ တွေ့ဆုံဖြတ်သန်းခဲ့ရတဲ့  မအောင်မြင်မှု၊ နှေးကွေးလေးလံမှု၊ သဟဇာတမဖြစ်မှု၊ ချိုယွင်းအားနည်းမှု စတာတွေကို ကျောခိုင်းစွန့်ခွါရင်း၊ သင်ခန်းစာယူ၊ သုံးသပ်ဖော်ထုတ်ကာ ပါတီရဲ့ ရေရှည်/ ရေတိုရည်မှန်းချက်တွေထိရောက်အောင်မြင်စေဖို့ တာဝန်ရှိသူအဆင့်ဆင့်က အထူးအလေးထား ဆောင်ရွက်ရင်း လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်ကောင်းတွေကို ဖန်တီးပုံဖော်နိုင်ကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါကြောင်း။ 

နှစ်သစ်မှာ နိုင်ငံသူ/ သားများ၊ ပါတီ/ မိသားစုတွေဝင်အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒပြည့်ဝ၊ အေးချမ်းအောင်မြင်နိုင်ကြပါစေ။ 

“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေ“ 


ဦးခင်ရီ

ဥက္ကဋ္ဌ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ

၁၃၈၆ ခုနစ်၊ တန်ခူးလဆန်း ၉ ရက်၊ ၀၉၃၀ နာရီ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)