နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား



မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ပါလို့ ကြိုဆို နှုတ်ခွန်းဆက်အပ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်ကို ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ တစ်အူထုံ့ဆင်း အတူတကွနေထိုင်လာကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဒီနှစ်သစ်မှစပြီး ချစ်ခြင်း မေတ္တာတရားပွားများနိုင်ကြပါစေ။ စည်းလုံးညီညွတ်မှုအားနဲ့ တိုင်းပြည်ရဲ့လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်နိုင်ပြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်ကြပါစေ။

ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး နှစ်သစ်မင်္ဂလာအချိန်အခါမှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကို ခံစားရရှိနိုင်ပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)