တာချီလိတ်မြို့နယ်၌ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့နယ်၌ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွား

 



တာချီလိတ် ဧပြီ ၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မီးသတ်စခန်းနှင့် (၁၀)မိုင်ခန့်ကွာဝေးသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလု(အထက်ရွာ)တွင် ယမန်နေ့နံနက် ၃ နာရီ မိနစ် ၃၀ အချိန်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။


အဆိုပါမီးလောင်မှုဖြစ်စဥ်မှာ စန်းလုကျေးရွာနေ ဦးဖီလောင် (ဘ)ဦးလန်ချာ၏ ပေ(၂၀x၂၅) သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်း မြေစိုက်နေအိမ်အောက်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်အနီးရှိ သက်ကယ်ပုံသို့ ကူးစက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မီးလောင်မှုအား တယ်လီဖုန်းဖြင့် သတင်းရရှိပြီး ခရိုင်မှူး လ/ထညွှန်မှူး ဦးလှမင်းမှဦးစီး၍  မြို့နယ်မီးသတ်စခန်းမှ ငြှိမ်းယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ ခရိုင်မီးသတ်စခန်းမှ ငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၂)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့မှ မီးလောင်ရာသို့ရောက်ရှိပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီတွင် မီးလုံးဝ ငြိမ်းခဲ့နိုင်သည်။


မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ဝက် ၁၈ ကောင် သေဆုံးခဲ့ပြီး၊ ဦးဖီလောင်၏ ပေ(၂၀x၂၅) သက်ကယ်မိုး၊ ပျဉ်ကာ၊ ဝါးခြမ်းခင်းမြေစိုက် လူနေအိမ် အိမ် (၁)လုံးနှင့် စုစုပေါင်း လူနေအိမ် (၁၇)လုံး၊ ဘုရားကျောင်း (၁)ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ (၉၈၂၀၀၀ဝိ/-)ကျပ်ခန့်ဖြစ်ကြောင်း သိရှိရသည်။


အေးအေးလတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)