သာစည်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲ ပြုလုပ်




သာစည် ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ဧပြီ ၅ ရက် ညနေ ၅ နာရီခွဲက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွေရာသီအခြေခံအားကစားသင်တန်းများကို ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့သိုင်း၊ ကရာတေး၊ ပိုက်ကျော်ခြင်းနှင့်ပြေးခုန်ပစ်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ဘောလုံးအခြေခံသင်တန်းတွင် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးကာ သင်တန်းဆင်းပွဲ၌ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးဟိန်းဇာထွန်းက ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နည်းစနစ်မှူးနှင့်နည်းပြအဖွဲ့ဝင်များက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများ အကောင်းဆုံးကစားသမားဆုတို့ကို ဆုတံဆိပ်များ၊ လည်ဆွဲများနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အခြားသင်တန်းများကိုလည်း သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းများ ဆင်းပေးခဲ့ကြောင်း သိရသည်။

ဘောလုံးသင်တန်းတွင် သင်တန်းသား ၄၀ ဦး၊ ဘော်လီဘောသင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ မြန်မာ့သိုင်းသင်တန်းတွင် သင်တန်းသား ၁၅ ဦး၊ ကရာတေးသင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ ပိုက်ကျော်ခြင်းသင်တန်းတွင် သင်တန်းသား ၁၅ ဦးနှင့်ပြေးခုန်ပစ်သင်တန်းတွင် သင်တန်းသား ၁၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)