ကျိုက်မရော ၊ ဧပြီ ၂၁
မွန်ပြည်နယ်၊ ကျိူက်မရော မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြို့နယ်ကြက်ခြေနီအဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုး၊ ရေလှောင်ကန်များ အား ပိုးလောက်လန်းမရှိစေရေးအတွက် အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေတွင်း၊ ရေကန်များအား အမှိုက်များမဝင်စေရန် အမိုးမိုးထားပေးခြင်းနှင့် ခြင်များ ခိုအောင်းနိုင်သည့် အမှိုက်များ ရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် သန့်ရှင်းသော သောက်သုံးရေများကိုသာ သုံးစွဲနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်းတို့ကို မြို့ပေါ် ရပ်ကွက်များ၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment