ပေါင်းတည် ၊ ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ယနေ့ နံနက် ၁၀ နာရီက ရေသယ်ယာဉ်များဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်နေသောနေရာဒေသများသို့ မြို့နယ်မီးသတ်စခန်းမှ ဂါလံ ၁၆၀၀ ဆန့် မီးသတ်ရေသယ်ယာဥ်ဖြင့် ရပ်ရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ရွာပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သယ်ဆောင်ကာ စည်းကမ်းတကျ မျှဝေလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာ ၃ ရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ကြားသိရ၍ သွားရောက်ကူညီ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost

No comments:
Post a Comment