ကျောက်ဆည်မြို့နယ် အမှတ် (၃) မဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် အမှတ် (၃) မဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


‌ကျောက်ဆည်  ၊  ဧပြီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ ကျောက်ဆည်မြို့နယ် အမှတ် (၃) မဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းနယက စာရေးဆရာ မွန်းဇူးက အမှတ် (၃) မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးဝိုင်းဝန်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ကာတွန်းဖောင်းဖောင်းက ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရေး၊ ဖြန့်ချိရေးကော်မတီဖွဲ့စည်းရေး ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေး ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင်များက ကျောက်ဆည်မြို့နယ် အမှတ်(၃) မဂ္ဂဇင်းစာအုပ် (၇၀၀) အုပ် ဖြန့်ချိရာတွင် ဆောင်ရွက်မည့်အခြေအနေများ၊ မဂ္ဂဇင်းဖြစ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ရေးစသည့်တို့ကိုအသီးသီး ဆွေးနွေးပြောကြားခဲ့ရာ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းနယက ဦးစိုးမြင့်ထွဏ်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့်အ‌ခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


တင်တင်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)