CRPH ဦးဆောင်သူ အောင်ကြည်ညွန့် ၏ တောင်တွင်းကြီးနယ်က နီပိန်းတွေ ယုတ်မာရိုင်းစိုင်းနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CRPH ဦးဆောင်သူ အောင်ကြည်ညွန့် ၏ တောင်တွင်းကြီးနယ်က နီပိန်းတွေ ယုတ်မာရိုင်းစိုင်းနေပြီ


တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ သုသာန်၌ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေ သည့်နေရာသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ၂၀၂၄ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့က ထုတ်ပြန်ခဲ့တာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။

ဒီလုပ်ရပ်တော့ နီပိန်း PDF အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဆိုတာကို အထူးပြောဖွယ် မရှိပါဘူး။ တောင်တွင်းကြီးမြို့နယ်ဆိုတာ ပြည်ပြေး ဝရမ်းပြေး CRPH အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူ အောင်ကြည်ညွန့်ရဲ့ နယ်မြေဖြစ်ပါတယ်။ ယခင်က တောင်တွင်းကြီးနယ်မှာ ယခုလို အနိဋ္ဌာရုံသတင်းတွေ မကြားခဲ့ရပါဘူး။ အခုတော့ ပြည်ပြေး ဝရမ်းပြေး အောင်ကြည့်ညွန့်က သူ့နယ်က နီပိန်းတွေကို ငွေကြေးထောက်ပံ့ပေးပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ စေခိုင်းနေသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားရာမှာ -

NUG ၊ CRPH  အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက် အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ဆည်းကပ်ရာဖြစ်သော သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ် သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။

ထိုသို့ အကြမ်းဖက်မှုများကျူးလွန်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းကျေးရွာ သုသာန်၌ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက သံဃာတော် ၄ ပါး ပင့်ဖိတ်၍ မေတ္တာပို့ဆုတောင်းပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက မော်တော်ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝါးသုံးပြူးကျေးရွာ၊ သီရိမာလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဝံသ၊ သက်တော် (၇၃)နှစ်၊ ဝါတော်(၂၂)ဝါနှင့် ထောက်ကြံ့ကွင်းကျေးရွာ၊ အောင်မြေသာသနာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကုန္ဒလဇောတိ၊ သက်တော် (၄၅)နှစ်၊ ဝါတော်(၂၅)ဝါတို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး သီရိမာလာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဝံသ သည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။

ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ တောင်တွင်းကြီးမြို့နယ်ထဲမှာ ရာအိမ်မှူး ၂ဦး ကို နီပိန်း PDF အကြမ်းဖက်သမားများက သေနတ်နဲ့ လာပစ်သတ်သွားတယ်လို့ သိရပါတယ်။

အောင်ကြည်ညွန့်ရဲ့ လမ်းညွှန်မှုနဲ့ တောင်တွင်းကြီးမြို့နယ်ထဲက နီပိန်းတွေ အကြမ်းဖက်သမားများအဖြစ် လှုပ်ရှားနေကြပြီလားဆိုတာကို သတိပြုကြဖို့ လိုပါတယ်။ ရဟန်းရှင်လူပြည်သူများအနေနဲ့ မိမိတို့ မြို့နယ်များက နီပိန်း လွှတ်တော်အမတ်ဟောင်း ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ ဆက်စပ်သူများကို သတိပြုဖို့ လိုပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ မိသားစုဝင်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိပြုကြဖို့ အထူးပင် သတိပေးလိုပါတယ်။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)