မိုင်းတုံ ၊ ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ ကွင်းအမှတ် (၁၂)၊ ဦးပိုင်(၂၁) တောင်သူ ဦးစိုင်းနေထွန်း၏ လယ်ယာတွင် ကန်ဇွန်းရွက်စိုက်ခင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စိုက်ပျိုးရေးဒုတိယဦးစီးမှူး ဦးလှမင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးကိုကိုမောင်၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းမှုကော်မတီများမှ ကြည့်ရူခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကန်ဇွန်းရွက်စိုက်ခင်းသည် တစ်ခါစိုက်ထားလျှင် သုံးကြိမ်ခူးရောင်းနိုင်ကြောင်း၊ စိုက်ပျိုးထားသော ကန်ဇွန်းရွက်များကို မိသားစုတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကန်ဇွန်းရွက်များကို စပါးရိတ်သိမ်းပြီးလျှင် ကန်ဇွန်းရွက်စ၍ စိုက်ပျိုးပြီး အညွှန့်များလှိုင်လှိုင်ထွက်သည်နှင့် ခူးယူရောင်းချကြောင်း၊ ကန်ဇွန်းရွက်တစ်စီးလျှင် ကျပ်(၅၀၀)နှုန်းဖြင့် ဖောက်သည်ကို တစ်ခါခူးလျှင် (၂၅၀၀၀ဝိ)ကျပ် အနည်းဆုံး ခူးယူရောင်းချကြောင်း၊ အရင်းအနှီးနည်းနည်းဖြင့် စိုက်ထုတ်စိုက်ပျိုးထားသော ကန်ဇွန်းရွက်သည် သုံးပြန်ခူးရောင်းရကြောင်း၊ မိသားစုများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည့်အတွက် နှစ်စဉ်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ကန်ဇွန်းရွက်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်နိုင်သည့်အတွက် ဒေသနေပြည်သူများ ကြိုက်နှစ်သက်သည့် အရွက်တစ်မျိုးတွင် ပါဝင်နေခြင်းဖြစ်ကြောင်း ကန်ဇွန်းရွက်ရောင်းချသူ ဦးစိုင်းနေထွန်းထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment