မိုင်းယောင်း ၊ ဧပြီ ၂၁
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွှေဖရုံသီးများ ဈေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေဖရုံ အရောင်းအဝယ်ပြုလုပ်သူများက ရွှေဖရုံအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို တစ်ကြိမ်ဝယ်လျှင် ကျပ်တစ်သိန်းဝန်းကျင်ဖိုး လာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် ရွှေဖရုံသီးများ အထွက်ကောင်း၍ ဈေးကောင်းရရှိသောကြောင့် အဆင်ပြေမှုရရှိကာ မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများရရှိကြောင်း သိရသည်။
ရွှေဖရုံကို အများအားဖြင့် ပင်လျှောက်သွားစနစ်ဖြင့် စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကာ ရွှေဖရုံသီးအရွယ်အစားအလိုက် တစ်လုံးလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိ ရောင်းချရသဖြင့် ရွှေဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment