တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်ကျောင်းသား/သူများ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထံမှ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်ကျောင်းသား/သူများ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထံမှ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ



 

ထားဝယ် ဧပြီ ၂၁

တနင်္သာရီတိုင်းဒေသကြီး လူရည်ချွန်ကျောင်းသား/သူများ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတော်အနေဖြင့် ဘက်စုံပညာ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်ပြီး ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်များ အနက် ပညာရည်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်ကာ ကျန်းမာကြံ့ခိုင်သန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းရေးအတွက် ရည်ရွယ်ပြီး လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစ၍ ဆောင်ရွက်လျက်ကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ရွေးချယ်ရေး လုပ်ငန်းများကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အဆင့်မှ ရွေးချယ်ခံရသော နဝမတန်း (Grade-9)၊ ဒသမတန်း (Grade-10)နှင့် ဧကာဒသမတန်း (Grade-11) တို့မှ တစ်တန်းစီတွင် ကျောင်းသား(၃)ဦးစီ၊ ဒွါဒသမတန်း (Grade-12)ကတော့ ကျောင်းသား(၂)ဦး၊ ကျောင်းသူ(၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၂)ဦးတို့သည် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ချောင်းသာ လူရည်ချွန်စုရပ်စခန်းအသီးသီးသို့ ဧပြီလ (၂၄)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ လေ့လာရေးခရီးသွားကြရမည်ဖြစ်ကြောင်း၊ ယခုလို လူရည်ချွန် စခန်းအသီးသီးသို့ သွားရောက်လေ့လာကြရင်း တိုင်းရင်းသားလူငယ်များအချင်းချင်း တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားတတ်ရန်၊ အတူယှဉ်တွဲစုပေါင်းနေထိုင်တတ်ရန်၊ ဒေသန္တရဗဟုသုတများ ရရှိရန် အတွက် အထူးလိုက်နာဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး၏ စံနမူနာပြလူရည်ချွန်များ အဖြစ် ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်း၊ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသည့် မောင်တို့ မယ်တို့အနေဖြင့် တိုင်းဒေသကြီး ဂုဏ်ဆောင်၊ မိမိတို့မြို့နယ်ဂုဏ်ဆောင်၊ မိမိတို့ကျောင်းဂုဏ် ဆောင်၊ မိမိတို့မိဘများအတွက် ဂုဏ်ဆောင်သားသမီးများအဖြစ် ခံယူစိတ်ဖြင့် ကြိုးစားကြရန် စည်းကမ်းကို အလေးထားလိုက်နာနေထိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်ကျောင်းသား/ကျောင်းသူများနှင့် အုပ်ချုပ်သူများအား ထောက်ပံ့ငွေကျပ်(၅၂)သိန်းအား ပေးအပ်ပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က လူရည်ချွန်ရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ကိုယ်စားပြု လူရည်ချွန်ကျောင်းသား/ကျောင်းသူများကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)