ငွေဆောင်မြို့သို့ လာရောက်မည့် လူရည်ချွန်ခရီးစဥ်နှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့သို့ လာရောက်မည့် လူရည်ချွန်ခရီးစဥ်နှင့်ပတ်သက်၍ မြို့နယ်အဆင့်ဌာနများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ငွေဆောင်  ၊  ဧပြီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ လာရောက်လေ့လာမည့် လူရည်ချွန်ခရီးစဥ်နှင့်ပတ်သက်၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့နေ့လယ် ၁၄ နာရီက ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးတွင်  မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ  လူရည်ချွန်များလာရောက်မည့် ခရီးစဥ်၊ သွားရောက်မည့်နေရာများ၊ လုံခြုံရေးနှင့်  ကြိုဆိုရေးစီစဥ်ထားရှိမှုများ၊ လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေး၊ မြို့သန့်ရှင်းသာယာရေး စသည်တို့နှင့်ပတ်သက်၍ စီစဥ်ထားရှိရမည့် လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ပညာရေးဌာနတို့နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။ တက်​ရောက်လာကြသူများမှလည်း လူရည်ချွန်များ လာရောက်မည့်ခရီးစဥ်တွင် မိမိတို့ဌာနအလိုက် စီစဥ်ထားရှိမှုများ၊ လိုအပ်ချက်များအား  ပြန်လှန်ဆွေးနွေးတင်ပြခဲ့ကြသည်။ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာန၏ တင်ပြဆွေးနွေးမှုများအား မြို့အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ရှင်းလင်းညွှန်ကြားခဲ့ပြီး လူရည်ချွန်ခရီးစဥ်အတွက် ဌာနဆိုင်ရာများအနေဖြင့် လစ်ဟင်းမှုမရှိစေရန် စီစဥ်ဆောင်ရွက်ထားရမည့်အချက်များအား ပြောကြားခဲ့ပြီး တာဝန်များခွဲဝေချထားပြီး ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့သန့်ရှင်းသာယာလှပရေး၊ လူရည်ချွန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များအား ကြိုဆိုရေး၊ ဖျော်ဖြေရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ လုံခြုံမှုရှိစေရေး၊ လေ့လာရေးခရီးစဥ်တို့နှင့်ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)