တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ မှာကြား


နေပြည်တော်၊ ဧပြီ - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်မှူးနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ကရင်ပြည်နယ် နှင့်မွန်ပြည်နယ်တို့သည် နယ်စပ်ဒေသများဖြစ်ပြီး အရေးပါသော နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည့် အခြေအနေများ၊ လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ တည်ငြိမ်အေးချမ်းမှု ရှိပြီးဖြစ်သည့် မြို့/ရွာများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်ခိုအောင်းမှု မရှိစေရေး လုံခြုံရေး အသိ၊ လုံခြုံရေးသတိ ရှိစွာဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးနှင့် ဒေသခံပြည်သူများ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် အခြေအနေများ၊ နိုင်ငံရေးသည် ကာကွယ်ရေးနှင့် စီးပွားရေးတို့နှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည့်အတွက် နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးရေးတွင် အဓိကကျသည့် MSME လုပ်ငန်းများ ကိုလည်း ထိရောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည့် အခြေအနေများ ကို  အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ပြည်နယ်အတွင်းရှိ  ဒေသဆိုင်ရာ အချက်အလက်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီနေရပ် စွန့်ခွာပြည်သူများနေထိုင်နိုင်ရန် ယာယီတိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ဖြည့်ဆည်းဆောင်ရွက်ပေးနေ မှုများ၊ အကြမ်းဖက်သမားများ ဖျက်စီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်မြို့၊ ရွာများတွင် ပြန်လည်ထူထောင်ရေးနှင့် မိုင်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာပညာ သင်ကြား နိုင်ရေး စီမံဆောင်ရွက်နေမှုများ၊ MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေး ပေးထားမှုနှင့် ဒေသအတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဒေသတွင်းထုတ်ကုန်များဖြစ်သည့် ရာဘာနှင့် ဆန်၊ စပါး အတွက် Work Plan များရေးဆွဲဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 

ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တပ်နယ်များမှ တပ်မှူးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးပိုင်းဆိုင်ရာ များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)