တောင်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး




တောင်ကြီး ဧပြီ ၄


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ တောင်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိလာသော ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ e-ID/Biometric အချက်အလက်များကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ စစ်စံထွန်းရပ်ကွက်၊ ဓမ္မသုခကျောင်းတိုက်တွင် ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နှင့် စစ်စံထွန်းရပ်ကွက်နေ ပြည်သူလူထု(၁၅၀)ဦးခန့်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း၊ e-ID/Biometric အချက်အလက်များကောက်ယူခြင်းနှင့် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိလာသည့် ပြည်သူလူထု(၁၀၀)ဦးခန့်အား M တံဆိပ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း၊ e-ID/Biometric အချက်အလက်များကောက်ယူခြင်းတို့ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)


ရှမ်းပြည်နယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)