ပုဗ္ဗသီရိ ဧပြီ ၄
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးသူနာပြုစုခြင်း(အခြေခံ) ကြက်ခြေနီသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဗ္ဗသီရိကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်တင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများက သဘာဝဘေးအန္တရာယ်နှင့် အခြားသောအခြေအနေများတွင် မတော်တဆထိခိုက်ဒဏ်ရာရရှိသူများအား လူနာကို ဆေးရုံသို့မရောက်မီ သက်သာစွာနေထိုင်နိုင်စေရန်၊ အချိန်မီပြုစုစောင့်ရှောက်တတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ သွေးသန့်သွေးလှူရှင်စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်း၊ ကျန်းမာရေးမြှင့်တင်ပေးခြင်းနှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကြက်ခြေနီအသိပညာပြန့်ပွားစေရန်၊ ရှေးဦးပြုစုခြင်းအတတ်ပညာသည် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်သူများကို ဆေးရုံဆေးပေးခန်းမရောက်မီ (သို့မဟုတ်) ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံ မရောက်မီလူနာကို စနစ်တကျစောလျင်စွာ၊ ချက်ခြင်း ရှေးဦးပြုစုတတ်စေရန်၊ ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အောင်သုခကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းက သင်တန်းအထောက်အကူပြု ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်တင်ထံ ပေးအပ်ခဲ့ရာ၊ သင်တန်းကာလမှာ ဧပြီ(၃)ရက်နေ့မှ (၅)ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment