ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန စက်မှုယန္တရားဌာနခွဲ (လှော်ကား)သို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ ယာဉ်များအား ဘဏ္ဍာရေးနှစ်အလိုက် အကြီးစားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဂိုဒေါင်များအတွင်း စက်အရန်ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေအားလျှပ်စစ်စီမံကိန်းများသည် စက်ယန္တရားများကို အဓိကအားပြုလုပ်ကိုင်ရသဖြင့် ယန္တရားအလုပ်ရုံများအနေဖြင့် ပြုပြင်ရမည့်အပိုင်းများကို သေချာစွာပြင်ဆင်သွားရန်နှင့် စက်စွမ်းရည်အပြည့် အသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပစ္စည်းများ ရရှိ / ထုတ်ပေး/ သုံးစွဲ/ လက်ကျန်စာရင်းများကိုလည်း စနစ်တကျမှတ်တမ်းရေးသွင်း ထိန်းသိမ်းထားရှိရန်လိုအပ်ကြောင်း၊ ပစ္စည်းအဟောင်းများကိုလည်း ဘုတ်အဖွဲ့ ဖွဲ့စည်း၍ ဆယ်တင်ပစ္စည်းနှင့် လေလံတင်ပစ္စည်းဟူ၍ စနစ်တကျခွဲခြားပြီး လေလံတင်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အချို့သော စီမံကိန်းပစ္စည်းများကိုလည်း မိုးရာသီမရောက်မီ ပေးပို့ထားရန်လိုအပ်ကြောင်း၊ နွေရာသီကာလရောက် ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများ လွတ်လပ်စွာတင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ယာဉ်များ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေ၊ စက်ယန္တရားကြီးများ၏ အရန်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)