တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေ


နေပြည်တော်၊ ဧပြီ ၂

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယမန်နေ့က တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါ ရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးပြီး ရထားလမ်းကောင်းမွန်ရန်အတွက် ကျောက်ပါကင်ရိုက်ခြင်းသည် အဓိကကျအရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် စနစ်တကျ ကျောက်ဖြည့်တင်း၍ Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင် ရိုက်ခြင်းလုပ်ငန်းကို သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေး၍ လဲလှယ်သွားရန်နှင့် တံတားများရှိ လဲလှယ်ရန် ကျန်သည့် ဆွေးမြေ့နေသည့် သစ်သားဇလီဖားတုံးများ အမြန်လဲလှယ် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထားတိုင်းအဆင့် အရာထမ်းများနှင့်တွေ့ဆုံ၍ မိမိတိုင်း နယ်မြေအတွင်း ရထားမတော် တဆမှုများဖြစ်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဝန်ထမ်းများ မွမ်းမံသင်တန်းပေးခြင်း၊ Maintenance Manual များအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ခြင်း၊ Simi Mechanize စနစ်ဖြင့် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခရီးသွား ပြည်သူများကို ဝန်ဆောင်မှုပေးရာ တွင်လည်း Service Manual များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်း တစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် ရထားများ ဝင်ချိန်/ထွက်ချိန်မှန်ကန်စေရေး၊ ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွား လာနိုင်အောင် စီစဉ်ဆောင်ရွက် သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်၊ အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီးပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့် မြန်မာ့မီးရထားရှိဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပုံမှန်ဆေးကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)