- Myanmar National Post

Myanmar National Post

News Agency

Breaking




အမာ ဧပြီ ၂


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်(၁၈)ဦးအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်(၆)အား မေးခိုင်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


ယခုကဲ့သို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို အမာမြို့အတွင်းရှိ ကျေးရွာများတွင်လည်း စုရပ်အလိုက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်‌ပေးလျက်ရှိကြောင်း အမာမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာန ဆရာမဒေါ်ခင်ချောစုထွေးထံမှ သိရသည်။


အမာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)