ညောင်လေးပင်မြို့နယ်တွင် ကမ္မဌာနာစရိယဘွဲ့ တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်လေးပင်မြို့နယ်တွင် ကမ္မဌာနာစရိယဘွဲ့ တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တစန္ဒာဝရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ




ညောင်လေးပင်၊ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ကမ္မဌာန်းကျောင်းတိုက်၌ နိုင်ငံတော်မှချီးမြှင့်သော ၂၀၂၄-ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ညောင်လေးပင်မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် “ဂန္ထဝါစကပဏ္ဍိတ” ဒက္ခိဏာရာမအသောကာရုံတောင်ကျောင်း၊ ပဓါနနာယကထံမှ ရှစ်ပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံကျော်အဆိုတော် ထက်ထက်မော်၏ “တေးညွန့်မင်္ဂလာတေးဂီတအဖွဲ့” က ထူးမခြားနား ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ခဲ့ပြီး ၂၀၂၄-ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဖြစ်သည့် ကမ္မဌာနစရိယဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)တို့မှ ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဒေါက်တာဘဒ္ဒန္တကဝိသေဋ္ဌာလင်္ကါရ ပါဠိသိပ္ပံကျောင်းဆရာတော်က ဘွဲ့ခံဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားပူဇော်ခြင်း၊ ဒေါက်တာဘဒ္ဒန္တတေဇဝန္တ သီရိမင်္ဂါကျောင်းဆရာတော်က ဘွဲ့ခံဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာဂါထာဖြင့် ပူဇော်ပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအသီးသီးတို့မှ ပူဇော်လှူဒါန်းကြသော ပူဇော်ဝတ္ထုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှမြင့်က လှူဒါန်းပေးပြီး ဆရာတော်၏ ကပ္ပိယကာရကတစ်ဦးမှ လက်ခံရယူပေးခဲ့သည်။

 ဘဒ္ဒန္တပညာဇောတ မင်္ဂလာသုခကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းပြီး တေးသံရှင်ထက်ထက်မော်နှင့် အဖွဲ့က အောင်စေပိုင်စေသီချင်းတို့ဖြင့် ဖျော်ဖြေပေးခဲ့သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တပည့်ဒါယကာ၊ ဒါယကာမများ မြို့နယ်ဥပါသကာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)