ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ စေတီစိန်ဖူးတော်မြေခပြီး သာသနိကအဆောက်အဦနှင့် လူနေအိမ်များအမိုးလန်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ စေတီစိန်ဖူးတော်မြေခပြီး သာသနိကအဆောက်အဦနှင့် လူနေအိမ်များအမိုးလန်ပျက်စီး





ပေါက်ခေါင်း၊ ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့ ညနေပိုင်းနှင့် ည ၈ နာရီခန့်က လေပြင်းများတိုက်ခတ်ခဲ့သဖြင့် သဖန်းချို‌ကျေးရွာအုပ်စု၊ ငှက်တော်ဦးကျေးရွာတွင် စေတီတော်တစ်ဆူစိန်ဖူးတော်မြေခခဲ့ပြီး သာသနိကအဆောက်အဦများနှင့် လူ‌နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် သဖန်းချိုကျေးရွာအုပ်စု၊ ငှက်တော်ဦးကျေးရွာရှိ ညိုမတောင်စေတီတော်၏ စိန်ဖူးတော်မြေခခဲ့ပြီး ညိုမတောင်ဇရပ်တစ်လုံးအမိုးလန်ပျက်ဆီးခဲ့သည်။ အဆိုပါကျေးရွာရှိ RC နှစ်ထပ်အဆောက်အဦး ဘုန်းတော်ကြီး‌ကျောင်းတစ်ကျောင်း၊ ဆွမ်းစားဓမ္မာရုံတစ်‌ဆောင်၊ သွပ်မိုး၊ ထရံကာလူနေအိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့‌ကြောင်းနှင့် သက်ကယ်မိုး၊ ထရံကာနေအိမ်တစ်လုံး ယိုင်လဲပျက်စီးခဲ့ကြောင်း သိရသည်။

နေအိမ်အမိုးလန်ပျက်စီးခဲ့သည့် မိသားစုများယာယီ နေထိုင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများက ကူညီဆောင်ရွက်ပေးပြီး ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်ရန် စီမံဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။


သန်းထွန်းအောင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)