ဖြူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (၃)လစာ ဆန်ရိက္ခာများ ထောက်ပံ့ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖြူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (၃)လစာ ဆန်ရိက္ခာများ ထောက်ပံ့ပေး




ဖြူး၊ ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန်နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ (၂)နာရီက ရွှေမေတ္တာတန် (၆၀)ဆန်စက်တွင် စုရပ်ထား၍ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များသည် ဖြူးမြို့နယ်သို့ ယာယီပြောင်းရွှေ့လာသည့် သိမ်ကုန်းရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၇၆)စု၊ ကျား (၁၉၉)ဦး၊ မ (၂၂၉)​ဦး၊ စုစုပေါင်း လူဦးရေ (၄၂၈)ဦးအတွက် ဆန် (၄၀၁)အိတ်၊ (၆)ပြည်ကိုလည်းကောင်း၊ ရေလျှံကြီးကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု (၈၁)စု၊ ကျား (၁၃၄)ဦး၊ မ (၁၇၆)​ဦး၊ စုစုပေါင်း လူဦးရေ (၃၁၀)ဦးအတွက် ဆန် (၂၉၀)အိတ်၊ (၁၅)ပြည်ကိုလည်းကောင်း၊ ညောင်ပင်သာကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသည့် အိမ်ထောင်စု(၂)စု၊ ကျား (၃)ဦး၊  မ (၈)​ဦး၊  စုစုပေါ​င်းလူဦးရေ (၁၁)ဦးအတွက် ဆန်(၁၀)အိတ်၊   (၇)ပြည်၊ (၄)ဘူးကိုလည်းကောင်း၊ တံခွန်တိုင်ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့လာသည် အိမ်ထောင်စု (၃)စု၊ ကျား (၇)ဦး၊ မ (၁၂)ဦး၊ စုစုပေါင်း (၁၉)ဦးတို့အတွက် ဆန် (၁၇)အိတ်၊ (၁၉)ပြည်၊ (၄)ဘူးတို့အားလည်းကောင်း  အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


နေမျိုးလွင်

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)