ရန်ကုန်၊ ဧပြီ ၁၃
ပြည်ပြေး ဝရမ်းပြေးများ စုပေါင်း၍ NUCC ပြည်သူ့ ညီလာခံအစည်းအဝေး ဟု ကျင်းပခဲ့ပြီး အစည်းအဝေး မပြီးဆုံးခင် CRPH/NUG အကြမ်းဖက်အဖွဲ့ဝင်များက အစည်းအဝေးမှ ထွက်ခွါသွားကြောင်း သိရသည်။
CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လုပ်ရပ်အပေါ် ဖော်ထုတ်ရေးသားထားသူက "ဘာ့ကြောင့် NUCC ပြည်သူ့ ညီလာခံအစည်းအဝေး ထွက်သွားကြတာလဲဆိုရင် အစည်းအဝေးတက်လာတဲ့ PDF လူငယ်များက NUG ကို အသစ်ပြန်ဖွဲ့စည်းဖို့ အဆိုတင်ခဲ့တာကို ဒေါ်ခင်မမမျိုးက ကန့်ကွက်ခဲ့ပြီး သဘောမတူတာကြောင့် အစည်းအဝေးက ရှောင်ထွက်သွားကြတာပါတဲ့။ ကောင်းကြသေးရဲ့လား။ ညီလာခံမှာ ပြည်သူ့အလှူငွေ 100% မှာ 30% သာ မြေပြင် စစ်စားရိတ်အတွက် အသုံးပြုကြောင်းနဲ့ NUG ဝန်ကြီးတစ်ဦးရဲ့လစာဟာ တစ်လလျှင် မြန်မာငွေ သိန်း (၁၅၀) ရယူထားကြောင်း စာရင်းတင်သွင်းခဲ့ပါတယ်တဲ့။" ဟု ဖော်ထုတ်ရေးသား ပြဆိုလိုက်ခြင်း ဖြစ်သည်။
ခင်လင်းလင်းဖြူ ဆိုသည့် အမျိုးသမီးက "လုပ်ရက်ကြပါပေ့။ မြေပြင်မှာ လစာမဲ့ အငတ်ခံ၊ အသေခံတိုက်နေတဲ့ ရဲဘော်တွေမှ အာမနာ ပြည်သူ့ချွေးနဲစာတွေ ကလေးတွေ အလောင်းပြ ခိုးရက်ကြ၊ စားရက်ကြပါပေ့။" ဟု ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ ကို ဦးဆောင်သူများ၏ လုပ်ရပ်ကို ဖော်ထုတ်ရေးသား တင်ပြထားသည်။
ထိုသို့သော လုပ်ရပ်အပေါ် လက်သုံးချောင်ထောင်၍ ပြည်သူများထံမှ လိမ်ညာစားသူများအဖြစ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
#News

No comments:
Post a Comment