ဟုမ္မလင်းမြို့၌ (၁၆) ကြိမ်မြောက် စုပေါင်းမဟာသက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့၌ (၁၆) ကြိမ်မြောက် စုပေါင်းမဟာသက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ




ဟုမ္မလင်း  ၊  ဧပြီ  ၂၁

သာသနာနှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ (၁၆)ကြိမ်မြောက် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ခိုပဲရပ်ကွက် စုပေါင်းမဟာသက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၁၉) ရက်နေ့ နံနက် (၈) နာရီက ဓမ္မဝိစယဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ခဲ့ပြီး သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေး နာယက ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများကိုယ်စား ဦးမြအောင်က ဆုံးမသြဝါဒစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများက သက်ကြီးဘိုးဘွားများအား ရှိခိုးကန်တော့ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် က အသက်(၇၅)နှစ်အထက်၊ သက်ကြီးဘိုးဘွား(၁၀၇)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး အလှူရှင်များက တစ်ဦးလျှင် (၄၀၀၀၀)ကျပ်နှင့် လှူဖွယ်ပစ္စည်းများဖြင့် ဂါရဝပြုပူဇော်ကန်တော့ကြပြီး ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်ဆုပေးစကားပြောကြားသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ဇော်လင်းအောင်၊ မြို့နယ်လဝကဦးစီးမှူး ဦးမင်းညွှန့်၊ သာသနာရေးဦးစီးမှူးနှင့် အလှူရှင်များ၊ ကန်တော့ခံဘိုးဘွားများ တက်ရောက်ကြကြောင်း သိရသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းမြို့၊ မြေနီကုန်းရပ်ကွက်ရှိ အင်္ဂလီကန်ဘုရားရှိ ကျောင်းခန်းမဆောင်တွင် အသက်(၇၅)နှစ်အထက်၊ သက်ကြီးဘိုးဘွား ခရစ်ယာန်ဘာသာဝင် (၄၀)ဦး၊ ဗုဒ္ဓဘာသာဝင်(၆၈)ဦး၊ စုစုပေါင်း(၁၀၈)ဦးတို့အတွက် တစ်ဦးလျှင် (၄၀၀၀ဝ)ကျပ်နှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများအား  ဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ဟုမ္မလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)