မုဒုံမြို့နယ်ဒေသထွက် မင်းဂွတ်သီးများစပေါ်ချိန် စျေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်ဒေသထွက် မင်းဂွတ်သီးများစပေါ်ချိန် စျေးကောင်းရရှိ




မုဒုံ  ၊ ဧပြီ  ၂၁

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဥ်ခြံသီးနှံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံးပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့် ရာသီပေါ် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန် ယခင်နှစ်များထက် စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

မင်းဂွတ်သီးပင်များသည် မြေပြန့်နှင့် မြေသြဇာထက်သန်သော သဲနုန်း​မြေပွ၊ ပူအိုက်စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုမျိုးကို ကြိုက်နှစ်သက်၍  အပင်များကို အစေ့မှ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် ကိုင်းဆက်ကိုင်းကူးနည်းများဖြင့် အကျယ် ၃ ပေ၊ အနက် ၃ ပေ အတွင်းမှ တစ်ပင်နှင့်တစ်ပင် ပေ ၂၀ ခန့်အကွာ  စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်များ စိုက်ပျိုးပြီး (၁၀)နှစ် မှ (၁၂)နှစ်အရွယ်ရောက်ချိန်မှသာ အသီးစတင်ထွက် ရှိ၍ ခူးဆွတ် ရောင်းချနိုင်ပြီး အပင်တစ်ပင်လျှင် သက်တမ်း ၄၀ မှ ၅၀ နှစ် အထိ ရှင်သန်နိုင်ကာ ပိုးမွှားကင်းစင်သည့် အပင်တစ်မျိုးဖြစ်ကြောင်း၊ မင်းဂွတ်သီးများ ယခုစတင်ထွက်ရှိချိန် တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ၈၀၀ ကျပ်အထိ မြို့ပေါ်စျေးများနှင့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးများအပြင် အခြားမြို့နယ်များကိုလည်း တင်ပို့ရောင်းချရကြောင်း မုဒုံမြို့​နေ ခြံစိုက်တောင်သူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်တွင် ဒေသထွက် သစ်သီးဝလံမျိုးကောင်းမျိုးသန့်များကို ပြည်တွင်းပြည်ပတင်ပို့နိုင်ရန် သုတေတနပြုစိုက်ခင်းများ ပျိုးထောင်ထားရှိခြင်း၊ သစ်သီးဝလံ သုတေတနစိုက်ပျိုးရေးနည်းပညာများကို တောင်သူများထံဖြန့်ဝေပေးခြင်း၊ သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်မျိုးသူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)