သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပျဉ်းမထုံးကျေးရွာအုပ်စုသို့ သွားရောက်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပျဉ်းမထုံးကျေးရွာအုပ်စုသို့ သွားရောက်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေး

 


သာပေါင်း  ၊  ဧပြီ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများအရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ပျဉ်းမထုံး ကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေ ပြည်သူ (၁၄၄)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းနှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းများ လုံခြုံရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်း စရာများ၊ စစ်မှုထမ်းဆောင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ် အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ထော်လာဂျီနှင့် လယ်ယာသုံးယာဥ်များ ယာဥ်မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေးစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ရန်၊ နွေစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊ သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန် ဧကများမရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာလျာထား ဧကပြည့်မီစွာ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန် ချောင်းပိတ်၊ မြောင်းပိတ် ဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးဆောင်ရွက်ရန်၊ တစ်နိုင်တစ်ပိုင် ကြက်/ဘဲ/ဝက်မွေးမြူရေး၊ ဗေဒါများ အမှိုက်မြေဆွေး ပြုလုပ်ပြီး လယ်၊ စားပင်သီးပင်များစိုက်ပျိုးရာတွင် အသုံးပြုရန်၊ ၂၀၂၅ ခုနှစ် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုးရေး၊ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်၊ ကြဲခင်းအစား စိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေး၊ အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးစေ့ချကိရိယာ (Seeder) ဝယ်ယူအသုံးပြုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူ များက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်း‌ ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း( သာပေါင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)