ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုများကို ကြည့်ရှုအားပေး


ပုသိမ် ၊ ဧပြီ  ၂၁

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း​ဆောင်ရွက်သည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မအူပင်ခရိုင်အတွင်းရှိ စာသင်ဝိုင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆယ့်နှစ်ရွာအခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ဝိုင်းသို့သွားရောက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် ဆရာ၊ ဆရာမများက စာသင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာဓမ္မာရုံ စာသင်ဝိုင်းသို့ သွားရောက်ခဲ့ပြီး  အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် တိုင်းရင်းသားပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ထို့​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ အလန်းအုပ်ကျေးရွာမူလတန်းလွန်ကျောင်း စာသင်ဝိုင်းသို့သွားရောက်ခဲ့ပြီး  အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ်  တိုင်းရင်းသားပြည်သူများအား သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် စာသင်သားများအား လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ခတ္တိယကျေးရွာ၊ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီသို့သွားရောက်၍ GW-11 နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအား​ပေးခဲ့ပြီး ငါးနှင့်စပါး အလှည့်ကျ မွေးမြူ၊ စိုက်ပျိုးရာတွင် အထွက်တိုး မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးမွေးမြူကြရန် မှာကြားခဲ့ပါသည်။ အဆိုပါ ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ၏ ငါး​မွေးမြူ​ရေးကန်များမှ  ငါးဖမ်းပြီး  လှပ်ထားသည့် ဧက ၁၆၀၀ တွင် ​နွေစပါး GW-11 ၈၉၀ ဧက၊ ထွန်းပု ၄၆၅ ဧက၊ ရက်ကိုးဆယ် ၂၄၅ ဧက စိုက်ပျိုးထားရှိပြီး GW-11နွေစပါးစံကွက် ရိတ်သိမ်းရာတွင် ၁ ဧကလျှင် စပါးအခြောက် ၁၃၀ တင်း ထွက်ရှိ​​ခဲ့သည်။ စပါးသိမ်းပြီးစီးသည့် ငါးကန်များတွင် ရေပေးသွင်းကာ ငါးများပြန်လည်မွေးမြူထားကြောင်း သိရသည်။ ငါးဖမ်းပြီးချိန်တွင် စပါးစိုက်ပျိုးခြင်း​ကြောင့် ငါးမှစွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုး​ရေးအတွက် မြေသြဇာအဖြစ်ရရှိခြင်း၊ သွင်းအားစုကုန်ကျစရိတ်များ​လျော့ချနိုင်ခြင်း၊ ငါးပြန်လည်​မွေးမြူရာတွင် အဆိပ်အတောက်ဖြစ်​စေနိုင်သည့် အမိုးနီးယားကို​လျော့ချ​​ပေးနိုင်ခြင်း၊ စပါး၊ ငါး ဝင်​ငွေနှစ်မျိုးရရှိနိုင်ခြင်း စသည့် အကျိုး​ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဝါဝါဝင်းစိုက်ပျိုးမွေးမြူရေးကုမ္ပဏီ ငါး​မွေးမြူ​ရေးကန်အမှတ်(R2) ၁၆ ဧကတွင် ငါးမြစ်ချင်းငါးဖမ်းဆီးနေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)