အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေး



ညောင်ဦး ဧပြီ ၆


သင်ကြားမှုသင်ယူမှု နည်းစနစ်များဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို  ညောင်ဦးမြို့နယ်အတွင်း  ဖွင့်လှစ်သင်ကြားလျက်ရှိရာ ညောင်ဦးခရိုင်နှင့်မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။


ညောင်ဦးခရိုင် စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်   စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့ဝင်များသည် ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သီရိမင်္ဂလာဓမ္မာရုံစာသင်ဝိုင်း၊ အမှတ်(၄)ရပ်ကွက်၊ မှန်ချိုဓမ္မာရုံစာသင်ဝိုင်း၊ အမှတ်(၇)ရပ် ကွက်၊ မြသိန်းတန်ဘုရားဓမ္မာရုံ စာသင်ဝိုင်းနှင့်ပုဂံမြို့သီရိပစ္စယာရပ်ကွက် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားနေမှုကိုကြည့်ရှုအားပေးပြီး နည်းပြများနှင့် စာသင်သားများအား အချိုရည်ဘူးများပေးအပ်ခဲ့သည်။


ညောင်ဦးမြို့နယ်တွင် စာသင်ဝိုင်း(၈၂)ဝိုင်း၊ စာသင်သား ၁၂၂၅ ဦးရှိပြီး နည်းပြဆရာ၊ ဆရာမ၈၂ ဦးတို့က ဧပြီလ ၆ ရက်နေ့မှမေလ ၁၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုဇော်(ဓာတု)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)