နောင်ချို ၊ ဧပြီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းကို မတ်လ ၂၂ ရက်နေ့မှ သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ကာ ဆက်လက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်မှုအပေါ် ဆန်းစစ်ချက်ကို ၁၅ ရက် တစ်ကြိမ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်များအလိုက် တစ်ရက်လျှင် နံနက်၊ နေ့၊ ည အချိန်(၃)ချိန်ခွဲ၍ မတ်လ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ (၂)လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ဝေးမှ လာရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များကို စီစဉ်ပေးထားကြောင်း သိရသည်။
နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ (အခမဲ့)ကွန်ပျူတာသင်တန်းများကို နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်
https://t.me/MyanmarNationalPost

No comments:
Post a Comment