ဂွမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ




ဂွ ဧပြီ ၉


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၂၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မှု) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၈ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ သရဏဂုံ(၃)ပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး သြဝါဒကထာ နာကြားခဲ့ကြသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက သာသနာတော်ဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်(၃၁)ပါးအား နည်းဗျူဟာမှူး၊ ယာယီဗိုလ်မှူးကြီးစောနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆွမ်းကွမ်းဆက်ကပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များက စာအောင်ဆုဂုဏ်ပြုလွှာများနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)