ဇေယျာသီရိမြို့နယ်တွင် ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်တွင် ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင် လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်




ဇေယျာသီရိ ဧပြီ ၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ယခုနှစ်နွေစပါး စိုက်ပျိုးရာသီတွင်  လျာထားဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်း နွေစပါးလျာထားစိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ ဇေယျာသီရိမြို့နယ် မြေစာရင်းဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးကျော်ဇင်ဝင်းက “ ကျွန်တော်တို့အနေနဲ့ နွေစပါးစိုက်ပျိုးချိန်မှာ ရေဆင်းဆည်ရေသောက်စနစ်မှ ၁၀၈၆ ဧက၊ မကျီးပင်ဆည်ရေသောက်စနစ်မှ ၇၀ ဧက၊ တစ်ခြားချောင်းပိတ်၊ မြောင်းပိတ်၊ ၂၇၀ ဧက စုစုပေါင်း ၁၄၂၆ ဧကလျာထားပေမဲ့ ယခုလက်ရှိတွင် ၂၀၁၉ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်လျက်ရှိပါတယ်” ဟုပြောကြားသည်။ နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း နွေစပါး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေလျက်ရှိပါတယ်၊ နွေစပါးစိုက်ပျိုးရာမှာ သက်တမ်းတို အထွက် ကောင်း စပါးမျိုးများကို ရွေးချယ်စိုက်ပျိုး သွားဖိုလိုပါတယ်၊ နွေစပါးစိုက်တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်စေရေးအတွက် တောင်သူတွေ စိုက်ပျိုးလိုတဲ့ မျိုးကောင်းမျိုးသန့်များရရှိရေးအတွက် မြိုနယ်စိုက်ပျိုးကြီးကြပ်ကော်မတီ ဖွဲစည်းထားရှိပြီး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်၊ စပါးခင်းတွေမှာ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေဖိုကိုလည်း ပိုးမွှားရောဂါကင်းထောက်ခြင်းလုပ်ငန်းတွေကို ဝန်ထမ်းတွေက ကွင်းဆင်းဆောင်ရွက်ပေးသွားဖိုလည်း ရှိပါတယ်'' ဟုပြောကြား သည်။

ဇေယျာသီရိမြို့နယ်တွင် ယခုနှစ်နွေစပါး ၁၄၂၆ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ရေဆင်းဆည် ရေသောက်စနစ်၊ မကျီးပင်ဆည်ရေသောက်စနစ်၊ ချောင်းပိတ်၊ မြောင်းပိတ်စနစ်၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတင်စနစ်ဖြင့် လက်ရှိတွင် လျာထားဧကထက်ကျော်လွန်၍ ၂၀၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)