ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ



ပုသိမ်ကြီး ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပခဲ့သော အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အ.ထ.ကပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဥ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး၊ နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော် ဦးပညာဝံသမှ ဩဝါဒ မိန့်ကြားသည်။ ထို့နောက် မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော် ရွှေကြေးစည် ဆရာတော်က စာအောင်လက်မှတ် ဆက်ကပ်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းမိန့်ကြားကာ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက သာသနာရေးဆိုင်ရာများအား လျှောက်ထားပြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အစိုးရပါဠိ ပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ်များနှင့်တကွ လှူဒါန်းမှု ပစ္စည်းများအား အသီးသီးဆက်ကပ်ကြသည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ၌ သံဃာ၊ သီလရှင် စုစုပေါင်း (၂၈၁)ပါးတို့ အောင်မြင်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)