ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ သုံးရက်အတွင်း ငါးပေခန့်မြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ သုံးရက်အတွင်း ငါးပေခန့်မြင့်တက်




ညောင်ဦး ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် ဧပြီ ၇ ရက်၊ နံနက် ၆ နာရီခွဲ အချိန်မှ ဧပြီ ၉ ရက်၊ နံနက် ၆ နာရီခွဲအတွင်း ထူးခြားမြစ်ရေအခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ထူးခြားမြစ်ရေအခြေအနေကြောင့် ဧရာဝတီမြစ်ရေသည် ၁၄၇ စင်တီမီတာ၊ ၄.၈၂ ပေ (ငါးပေခန့်) မြင့်တက်ခဲ့ကြောင်း သိရပြီး ထူးခြားမြစ်ရေသည် ၆ ပေခန့်အထိ တက်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီဖြစ်ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)